Thursday, January 5, 2012

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Mr. William Hague မြန်မာနိုင်ငံရောက်ရှိ



၅-၁-၂၀၁၂        (ဓါတ်ပုံ AP)
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး  Mr.William Hague မြန်မာနိုင်ငံမှာ ရောက်ရှိနေပါတယ်။ မြန်မာအစိုးရ
သမတ ဦးသိန်စိန်နှင့် ၀န်ကြီးများအဖွဲ့ က နေပြည်တော်မှာ တွေ့ ဆုံခဲ့ကြပါတယ်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး  Mr.William Hague က ပြုပြင်ပြောင်း လဲမှုတွေ ဆက်လုပ်သွားဖို့ တွန်းအားပေးတဲ့အနေနဲ့ သွားတယ်ဆိုတဲ့ သူ့ရဲ့ ခရီးစဉ်လဲဖြစ်ပြီး မြန်မာအစိုးရ၏ ဆောင်ရွက်
မှုတွေကို အလျှင်အမြန်ဆောင်ရွက်ဖို့  တိုက်တွန်းခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး ပြည်သူ့လွှတ်တော်
ဥက္ကဋ္ဌတို့ကို နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။
 မြန်မာအစိုးရ အနေနဲ့  ဆက်ပြီး ပြောင်းလဲမှုတွေလုပ်သွားဖို့ အားပေးတဲ့ အနေနဲ့ မြန်မာနိုင်ငံကို သွားရတာဖြစ်ပြီး ဗြိတိန်အစိုးရက ဘာတွေလုပ်ပေးနိုင်မလဲဆိုတာကို စုံစမ်းမေးမြန်းဖို့  မြန်မာ
နိုင်ငံကို သွားရတာဖြစ်ပါတယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Mr.William Hague က သူ့ခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကို ကြေညာထားပါတယ်။