၃၀-၁၂-၂၀၁၁
ဒီကနေ့ Good goverment. clean goverment လို့ ကြွေးကြော်ပြီး တက်လာတဲ့ ဦးသိန်းစိန်
အစိုးရဟာ တနှစ်သားေ ကျာ်ကျော် ရှိသွားပါပြီး၊ တိုင်းပြည် နှင့် လူမျိုး ဘာသာ သာသနာ
အတွက် ဘာတွေများ ထူးခြား ပြောင် မြောက်စွာ၊သို့တည်း မဟုတ်ထူးထူးခြားခြား ဘာတွေများ
ပြုလုပ်ခဲ့သလဲလို့ ၊ပြန်လည်ပြီးတော့ ဆန်းစစ်ဘို့ လိုအပ်လာပြီး လို့ ဦးဇင်း တို့ အနေနဲ့ မြင်ယောင် မိပါတယ်၊ယနေ့ ပြည်သူတွေ လိုလား တောင်တတဲ့ နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးရေး၊ ပြည်တွင်းစစ်များ ချက်ချင်း ရပ်ပေးရေး ၊ ဒီအချက်တွေကို အခုချက်ချင်း ထလုပ်ရင်လုပ်လို့ ရတဲ့ အချက်အလက်တွေ သာဖြစ်ပါတယ်။
မြန်မာနိုင်ငံလုးံရှိ ကျောင်းသား ရဟန်းသံဃာ မိဘပြည်သူတွေ တောင်းဆိုတဲ့ အချက်အလက်တွေ
ကို မလုပ်ပေးတဲ့ အပြင်၊လူမှုရေး၊ ဘာသာရေး၊ပညာရေးတွေကို ဆောင်ရွက်နေတဲ့ ၊ နိုင်ငံအကျိုး၊တိုင်းပြည်အကျိုး ၊ သာသနာအကျိုး ၊ ပြည်သူတွေရဲ့ အရေးကို ရှေ့ တန်းကနေ မားမားမတ်မတ် ရပ်တည်ပြီးတော့ အားနဲ့ အင်နဲ့ အားတက်သရော ဆောင်ရွက်ပေးနေတဲ့ ဒယ်အိုး ဆရာတော်
ဦးသုမင်္ဂလ ၊ရွှေည၀ါဆရာတော် ဦးပညာသီဟ တို့ကိုတောင် တရားဟောပြောခွင့် ပိတ်ပင်တား ဆီးလိုက်သေးတယ် ဆိုတော့ Good goverment. clean goverment ဟာ ဖြစ်နိုင်ပါ့မလား၊ ပြည်သူတွေက ရွေးချယ်တင်မြှောက်တဲ့ အစိုးရလို့ သတ်မှတ်ခံခြင်ရင် ပြည်သူတွေ ရဲ့ ဆန္ဒကို
အလေးထား ဦးစားပေးပြီး၊ ပြည်သူတွေအရေး အကောင်းဆုးံ အကောင်အထည်ဖော်ပေးတဲ
အစိုးရလို့  လက်ခံယုံကြည် နိုင်စရာ ဘာအကြောင်းအရာမှမရှိတော့ပါဘူး၊ ဘာသာရေး ဘက်မှာ
လည်း အပြောတမျိုး အလုပ်တမျိုး လုပ်လိုက်တာကတော့ ကမ်းကုန်နေတာဘဲ။ အမျိုး ဘာသာ
သာသနာအတွက် လုပ်ဆောင်ပေးနေတဲ့ ရဟန်းသံဃာ ထေရ်အရှင်မြတ်တွေကို တရားဟောခွင့်
ပိတ်ပင်၊ ဒုဗ်ဗဇ လို့ သတ်မှတ် လူဝတ်လဲမယ်လို့ အမိန့်တွေထုပ်ပြန် ဒါတွေကို ကြည့်သောအား
ဖြင့် Good goverment. clean goverment လို့ ကြွေးကြော်လာပြီး တက်လာတဲ့ ဦးသိန်းစိန်
အစိုးရဟာ တိုင်းပြည်နှင့် လူမျိုးအတွက်လည်း ဘာမှအကျိုးမရှိသလို ၊ သာသနာ အတွက်လည်း အထောက်အကူမဖြစ်တဲ့အပြင် ဖျက်ဆီးတောင်မှ ခံလိုက်ရသေးတယ် ဆိုတော့ ဒကာတော်
ရေမြေ့ရှင် ခေတ်သစ် ဒေ၀ဒတ် ဦးသိန်းစိန် လို့ နာမည်ရာထူး ဂုဏ်ပုဒ်တွေ ပေးပြီးတော့ ၊
ဒေ၀ဒတ် ဦးသိန်းစိန် အစိုးရ အခုချက်ချင်း ဆင်းလို့ ကြွေးကြော်ပြီးတော့ တိုင်းပြည်နှင့် လူမျိုး
ဘာသာ သာသနာအတွက် သာသနာ ကွယ်မဲ့အရေး အမျိုးပျောက်မဲ့အရေး တိုင်းပြည်အငတ်
ဘေးကြုံမဲ့အရေး အစရှိသော ဘေးပေါင်းမြောက်များစွာမှ လွတ်မြောက်ရေး အတွက် ဒေ၀ဒတ်
ဦးသိန်စိန် အစိုးရ အခုချက်ချင်း ဆင်းခိုင်းကြစို့။
စက်တင်ဘာဦးနေမိန္ဒ ( မြန်မာနိုင်ငံလုးံဆိုင်ရာ သံဃာ့ကိုယ်စားလှယ် အဖွဲ့)