၃၀-၁၂-၂၀၁၁
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ် ရပ်ကွက်၊ မေတ္တာမွန်ဝင်း၊ မေတ္တာမွန်ဂိုဒေါင်တွင် ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၁ နာရီ မိနစ် ၄၀ အချိန်တွင် မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့သော နေရာသို့  လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သွားရောက်
အားပေးခဲ့ သည်။
အဆိုပါမီးလောင်မှုမှာ ၀ါယာရှော့မှတစ်ဆင့် ဂိုဒေါင်အတွင်းရှိ ယမ်းစိမ်း၊ ကန့်စသော ပစ္စည်း
များအား ကူးစက်ကာ ပေါက်ကွဲမီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း တာမွေမြို့နယ်မီးသတ်
ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ မီးလောင်မှုကြောင့် လူပေါင်း ၁၇ ဦး
သေဆုံးပြီး ၁၀၀ နီးပါးဒဏ်ရာရခဲ့သည်ဟုသိရှိရပြီး မီးဘေးဒုက္ခသည်များအား လူထုခေါင်း
ဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ သွားရောက်ကြည့်ရှုခဲ့ပြီး အားပေးစကားများ ပြော
ကြားခဲ့သည်ဟု သိရှိရသည်။