Saturday, December 31, 2011

ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေး ရန်ပုံငွေ တေးဂီတဖျော်ဖြေပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များ တက်ရောက်အားပေး

၃၀-၁၂-၂၀၁၁
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြီးမှူးကျင်းပတဲ့ ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေး
ရန်ပုံငွေ တေးဂီတဖျော်ဖြေပွဲကို ဒီကနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ မရမ်းကုန်းမြို့နယ် မင်းဓမ္မကုန်းမှာရှိတဲ့ MCC ဝင်းအတွင်း ကျင်းပပြုလုပ် နေတာဖြစ်ပါတယ်။ အဆိုပါ တေးဂီတဖျော်ဖြေပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်
ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်နဲ့ ပရိသတ်တွေအများအပြား လာရောက် အားပေးခဲ့ကြ
ပါတယ်။
လွတ်လပ်ရေး၏ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ သမီးဖြစ်သူ လူထုခေါင်းဆောင် ဒေါ်အောင်
ဆန်းစုကြည်တို့ ပုံပါ တီရှပ်တထည်တွင် တက်ရောက်သီဆိုဖျော်ဖြေကြသော နံမည်ကြီး 
အဆိုတော် များမှ တီရှပ်တွင်လက်မှတ်ရေးထိုးကြပြီး လေလံတင်ရောင်းချခဲ့ရာ ၁၂၅ သိန်းအထိ
ရောက်ရှိနေပြီဟု သတင်းရရှိသည်။