Tuesday, November 1, 2011

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Mr. Vijay Nambiar မြန်မာနိုင်ငံရောက်ရှိ

၁-၁၁-၂၀၁၁
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Mr. Vijay Nambiar ဟာ ဒီကနေ့ မြန်မာနိုင်ငံကို
အစိုးရရဲ့ ဖိတ်ကြားချက်နဲ့ ရောက်ရှိလာပါတယ်။ အစိုးရအဖွဲ့ ဝင်တွေနဲ့  နေပြည်တော်မှာတွေ့ ဆုံပြီး မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအ၀င် တခြား နိုင်ငံရေးနဲ့ တိုင်းရင်းသား ပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံဖွယ် ရှိတယ်လို့ သိရပြီး
၅ ရက်ကြာနေမယ်လို့ လဲသိရှိရပါတယ်။
မြန်မာနိုင်ငံကို အခုလိုအမြန်ရောက်ရှိလာခြင်းဟာ ကုလသမဂ္ဂအနေနဲ့ မြန်မာအစိုးရရဲ့  ပြုပြင်ပြောင်းလဲရေး
ကို ပွင့်လင်းမြင်သာတဲ့ ပြောင်းလဲမှုတွေ လုပ်ဆောင်လာအောင် တိုက်တွန်းဖို့ ရောက်ရှိလာတာဖြစ်ပြီး
ပြည်တွင်းငြိမ်းချမ်းရေး နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးရေးနှင့် မြန်မာ့နိုင်ငံရေး စီးပွားရေး စသည်
တို့ ကိုဆွေးနွေးမှာဖြစ်တယ်လို့ သိရပါတယ်။