Tuesday, November 1, 2011

ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားများ ကျမ်းမာရေးချို့ တဲ့

 မသန္တာ
ထောင်ဒဏ် ၂၉နှစ် အင်းစိန်ထောင်

မသန္တာဖခင် ဦးခင်ညိုအား ကူညီနေသူ ကိုလူမော်လတ်
ဦးဘမြင့်(ကိုလူမော်လတ်ဖခင်)
 အလုံnld ဥက္ကဌ 20နှစ် ဗန်မော်ထောင်           

၁-၁၁-၂၀၁၁
အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ် ၊ဧရာဝတီတိုင်း စည်းရုံးရေး တာဝန်များကိုထမ်းဆောင်နေသူ မသန္တာ ဟာ အင်းစိန်ထောင်မှာ နိုင်ငံရေးမှုဖြင့် ထောင်ဒဏ် ၂၉နှစ် ကျခံနေရာက ပြီးခဲ့တဲ့၂၇ရက်နေ့ မနက်က နှလုံးဝဒနာပြင်းထန်စွာ ခံစားနေရသည့်အတွက် ၊ရန်ကုန် အင်းစိန်ဆေး ရုံသို့ တင်ခဲ့ရပါတယ်။ ဒီတစ်ကြိမ်နဲ့ ဆိုအင်းစိန် ဆေးရုံသို့  တင်ခဲ့ရတာ သုံးကြိမ်ရှိခဲ့ပြီး၊ကျောက်ကပ်ရောင်ရောဂါနှင့် နှလုံးရောဂါ ခံစားနေရသူဖြစ်ပါတယ်။ မသန္တာကို ယခုအချိန် ထိ ဆေးထိုး၊ဆေးသွင်း၊ ဆေးတိုက် လုပ်နေပေမယ့် မည်သည့်ရောဂါ ဖြစ်သည်ကို သက်ဆိုင်ရာ ဆရာဝန်တို့ မှအဖြေ မပေးတာကြောင့်၊ မိတ်ဆွေများမှ စိုးရိမ်ပူပန်မှုတွေရှိပါတယ်။ ဒီတခေါက်ဆေးရုံတင်တာ ရှေ့တကြိမ် တင်တုန်းကနဲ့ မတူဘူး၊ တော်တော်ပိန် သွားတော့ စိုးရိမ်တယ်လို့ အလုံမြိုနယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လူငယ်တာဝန်ခံ ကိုလူမော်လတ် ကပြောပါတယ်။ မသန္တာဟာ တစ်ဦးတည်းသောသမီး ဖြစ်ပြီး။၎င်း၏ဖခင် ဦးခင်ညို မှာ လွန်ခဲ့သော နှနှစ်ခွဲခန့် မှ သမီးထောင်ဝင်စာသွားတွေ့ ရန် စီစဉ်နေရင်းမှ ရုတ်တရက်လေဖြတ်ခဲ့သည့်အတွက် ကူညီမဲ့သူမရှိ တာကြောင့် အလုံမြိုနယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်လူငယ်တာဝန်ခံ ကိုလူမော်လတ်မှ ရန်ကုန်ပြည်သူ့ဆေးရုံ ကြီးသို့  တင်ပြီးဆေးကု ပေးခဲ့ရပါတယ်။ ယခု အချိန်မှာလဲ မသန္တာရဲ့ ဖခင် ဦးခင်ညို
မှာလဲ နှလုံးအမောဖောက်ပြီး ကျန်းမာရေး အတော်ဆိုးဝါးနေပါတယ်။ယခုအချိန်ထိ မသန္တာထောင်ဝင်စာ နှင့်၎င်းရဲ့ဖခင် လေဖြတ်နေသူ အသက် ၈၁ နှစ်ကျော် ဦးခင်ညို ရဲ့ ကျန်းမာရေးနဲ့ စားဝတ်နေရေး တို့ ကို ကိုလူမော်လတ်မှတာဝန်ယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။မသန္တာ ရဲ့ဖခင် ဦးခင်ညိုဟာ အလုံမြို့နယ် ၊အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်စည်းရုံးရေးတာဝန်များကိုထမ်းဆောင်ခဲ့ တာကြောင့် ကိုလူမော်လတ်မှ တာဝန်ယူဆောင်ရွက်ခဲ့တာလိုေ့ပြာပါတယ်။ကိုလူမော်လတ်ရဲ့ ဖခင် အလုံမြို့နယ် အမျိုသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးဘမြင့်ဟာလဲ ဗန်မော်ထောင်မှာ အနှစ်၂၀ ကျခံနေရပါတယ်။ဖခင် အနှစ် ၂၀ ကျခံ
နေရတာကြောင့်ကျမ်းမာရေး စိုးရိမ်ကြောင်း ၊ မသန္တာတို့ သားအစ်ဖ ကိုတာဝန်ယူ စောင့်ရှောက်ရတာက တစ်ကြောင်းမို့ ငွေကြေးတော်တော်လေး အခက်အခဲရှိတယ်လို့ ၎င်းတို့ သားအစ်ဖကို အစစအရာရာ တာဝန်ယူထားသူ ကိုလူမော်လတ် က ပြောပါတယ်။ ၄င်တို့ သားအစ်ဖ အတွက် မိဘ ရဲ့ဘ၀နောက်ဆုံးနေ၀င်ချိန်မှာ မိဘနဲ့ သားသမီး ပြန်လည်တွေ့ ဆုံဖို့  အတွက်ကိုလဲ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ကိုလူမော်လတ်မှ
မေတ္တာရပ်ခံတယ်လို့ ပြောပါတယ်။

ကိုလူမော်လတ်