မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မတီ(MIC) တွင် ဂျပန်၊ ကိုရီးယားနှင့် တရုတ်လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှုများအတွက် လာရောက်ဆွေးနွေးနေကြောင်း MIC ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားခဲ့ပါသည်။
ရင်းနှီးမြှုပ်နှံမှုများအတွက် ဆွေးနွေးခြင်းဖြစ်ရာ မြှုပ်နှံမှုများနှင့်အတူ အလုပ်အကိုင်များပါရရှိလာ မည်ဖြစ်ကြောင်း၊ သို့သော်အများ ပြည်သူဘက်မှ ကျွမ်းကျင်လုပ်သားအဖြစ် အဆင်သင့်လုပ်ထားရန် လိုအပ်သည်ဟုလည်း ပြောကြားခဲ့ပါသည်။
နေပြည်တော်တွင် အောက်တို ဘာလ ၂၆ ရက်နေ့က ကျင်းပသည့် မီဒီယာများနှင့်တွေ့ဆုံပွဲတွင် အမှတ် (၁)၊ (၂)စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မတီ(MIC) ဥက္ကဋ္ဌ ဦးစိုးသိန်းက ''အခု MIC မှာ ဂျပန်၊ ကိုရီးယား၊ တရုတ်နိုင်ငံတွေကနေ လာပြီး ဆွေးနွေးနေတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ ကတော့ ၀င်လာမှာပါပဲ။ ရင်းနှီးမြှုပ်နှံမှုတွေဝင်လာရင် အလုပ်အကိုင် အများကြီးရှိလာမှာ။
ပြည်သူတွေဘက်ကပဲ Skill Full ဖြစ်ဖို့ အဆင်သင့်လုပ်ထားပါ။ ဘိလပ်မြေစက်ရုံတွေလည်း သတ်မှတ် ချက်နဲ့ ညီရင် ထောင်ခွင့်ပေးမယ်။ သတ်မှတ်ချက် ဆိုတာ ဘိလပ်မြေစက်ရုံထောင်ချင်တဲ့သူတွေဆို
လောင်စာကဘာကို သုံးမှာလဲ လောင်စာကိစ္စ ပြေလည်မှာလား။ နောက် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်တဲ့အထိ တစ်နေရာတည်းမှာ စက်ရုံတွေအများကြီး ထောင်ခွင့်မပေးဘူး။ ဒါတွေနဲ့ညီရင် ထောင်ခွင့်ပေးတယ်။ ဥပမာ ကျောက်ဆည်တစ်နေရာတည်းမှာ ခြောက်ရုံ ရှိတယ်။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှာစိုးလို့ လုပ်ခွင့်ထပ်မပေးတော့ဘူး။ နောက် အသေးစား အလတ်စား လုပ်ငန်းတွေအတွက်လည်း ပြည်ပကို ဖိတ်ခေါ်ထားတာရှိတယ်'' ဟု ပြောကြားခဲ့ပါသည်။မြန်မာနိုင်ငံ
၏ ပြုပြင်ပြောင်းလဲမှုအချို့ကြောင့် ယခင်က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် သံသယရှိခဲ့သော
နိုင်ငံအချို့ပင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန်လာရောက်ဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်းလည်း
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ် ငန်းရှင်များအသင်းချုပ်
(RUMFCCI) မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။Eleven Media Group တွင်ဖေါ်ပြထားသည်။

စီပွားရေးကိုနယ်ချဲ့ ချင်ကြတဲ့ ဂျပန်နိုင်ငံအပါအ၀င် ကိုရီးယား တရုတ် ထိုင်း အိန္ဒိယ နိုင်ငံများသည် သယံ
ဇတပေါ်ကြွယ်ဝသော မြန်မာနိုင်ငံသို့  အပြိုင်အဆိုင်မျက်စောင်းထိုးနေကြသည်။မြန်မာနိုင်ငံသည် ဒီမိုက
ရေစီအရေး လူ့ အခွင့်အရေးနှင့် ဥပဒေစိုးမိုးမှုမရှိသေးသော ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကလတွင်
စစ်မှန်သော လူသားအခွင့်အရေးများကို အလေးမထားဘဲ အမြတ်အစွန်းကိုသာ ရှေ့ တန်းတင်နေကြသော
တိုးတက်သောနိုင်ငံများ၏ လုပ်ရပ်သည် ကမ္ဘာ့ကုလသမဂ္ဂ၏ လူသားဇစ်မြစ် ဖွံ့ ဖြိုးတိုးတက်မှုနှင့် လူ့ အ
အခွင့်အရေး လေးစားလိုက်နာမှုကို ချိုးဖေါက်ရာရောက်ပေသည်။မြန်မာနိုင်ငံ၏ နိုင်ငံရေးမတည်ငြိမ်သော
ကာလ ငြိမ်းချမ်းရေး မအောင်မြင်သေးသောကာလ ပြည်သူများ လွတ်လပ်မှုအတွက်တိုက်ပွဲဝင်နေရပြီး
နိုင်ငံသားများအဖို့  စိတ်အနှောက်အရှက်ဖြစ်ရသည်။မတည်ငြိမ်သေးသောကာလတွင် အစိုးရအနေဖြင့်
အာမခံမှုကို ပြည်သူထံတင်ပြခြင်းမရှိဘဲ လက်လွတ်စပယ်လုပ်ရပ်ကြောင့် မြစ်ဆုံက သက်သေပြခဲ့သည်။
စစ်မှန်သော ဒီမိုကရေစီရရှိရေးအတွက် အခက်အခဲများစွာကို တိုက်ပွဲဝင်ကြရမည်ဖြစ်သောကြောင့်
ပြုပြင်ပြောင်းလဲရေးကာလသည် အလွန်အရေးကြီးသောကာလဖြစ်၍ စီးပွားရေးနယ်ချဲ့ လိုသော နိုင်ငံများ
အနေဖြင့် အတွေးအခေါ်သိမ်ငယ်သော လက်ဦးမှုရအောင် ရင်နှီးမှုထက် ပြုပြင်ပြောင်းလဲရေးအခြေခိုင်
သော စစ်မှန်သော ဒီမိုကရေစီစနစ်တခုနှင့် ဥပဒေစိုးမိုးမှု မြန်မာနိုင်ငံတွင် ပေါ်ထွန်းလာရေးကို အာဆီယံ
နိုင်ငံများ ၀ိုင်းဝန်းကျိုးပမ်းသင့်ပြီး အာမခံချက်အပြည့်အ၀မရှိသော ရင်းနှီးမြုတ်နှံခြင်းဖြင့် နှောင်ဖြစ်ပေါ်
လာမည့် နိုင်ငံရေးမတည်ငြိမ်မှုဖြစ်ရပ်အပေါ် ဆုံးရှုံးမှုများသည် အတင်းဝင်ရောက် စီးပွားရှာသောနိုင်ငံ များတွင်သာ တာဝန်ရှိသည်ဟု သတိပေးအပ်ပါသည်။