Friday, November 11, 2011

စစ်အစိုးရ စစ်တပ်ရဲ့ လက်နက်တင်ဆောင်လာတဲ့ မီးရထားကို K.I.A မှ ခြုံခိုတိုက်

စစ်အစိုးရ စစ်တပ်ရဲ့ လက်နက်တင်ဆောင်လာတဲ့ မီးရထားကို K.I.A မှ တိုက်ခိုက်နိုဝင်ဘာ ၁၀ ရက် 
မန္တလေး-မြစ်ကြီးနား မီးရထားလမ်း၊ ကချင်ပြည်နယ် နမ္မတီးနှင့် မရန့်အကြားမှာ စစ်အစိုးရ စစ်တပ်တို့ဟာ
ယခုစစ်ဖြစ်နေတဲ့ နယ်မြေများနှင့် ကျေးရွာနေ ပြည်သူ လူထုများကို အန္တရာယ် ဖြစ်စေနိုင်တဲ့ စစ်သုံး ပစ္စည်း
များဖြစ်သော လက်နက် ခဲယမ်းများနှင့် ဓါတုလက်နက်များပင် ပါဝင်နိုင်တဲ့ ပစ္စည်းများကို မီးရထား တစ်စီးဖြင့်
တင်ဆောင်လာခဲ့ရာ ယင်းမီးရထားကို K.I.A တပ်ရင်း (၁၁) တပ်ဖွဲ့တို့မှ ညသန်းခေါင်ယံ အလွန် အချိန်မှာ
တိုက်ခိုက်ခဲ့ကြောင်း စုံစမ်း သိရှိ ရပါတယ်။ ယင်းနယ်မြေ တဝိုက် အနီးအနား များမှာလည်း တိုက်ပွဲငယ်
အချိန်ပိုင်း ဖြစ်ပွားခဲ့သေးကြောင်း သိရှိ ရပါတယ်။

တာခေါရေအားလျှပ်စစ်အနီးမှာ တိုက်ပွဲဖြစ်
နိုဝင်ဘာလ ၉ ရက်နေ့ K.I.A တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁၅) နယ်မြေဖြစ်တဲ့ ဒွမ်ဘန်ကရုန်၊

 ဆန်ဂန့်ကျေးရွာမှာ K.I.A တပ်များက ဗန်းမော်သို့ စစ်ကြောင်း ချီတက်လာတဲ့ စစ်အစိုးရ စစ်တပ်တို့နှင့်
တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။ ယင်းနယ်မြေဟာ စစ်စိုးရ စစ်တပ်တို့မှ K.I.A ကို လွန်ခဲ့တဲ့ ဇွန်လ
 ၉ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့တဲ့ နေရာဖြစ်ပါတယ်။ စစ်အစိုးရ စစ်တပ်တို့ဟာ ယင်း တာခေါခ ရေအားလျှပ်စစ်
နှင့် ဒွမ်ဘန်ကရုန် အားလုံးကို မရ ရအောင် လူအင်အား အသုံးပြုပြီး ယခုတဖန် ထိုးစစ် ပြန်ဆင်လာတာ ဖြစ်ပါ
တယ်။ ယင်းတိုက်ပွဲတွင်စစ်အစိုးရ စစ်တပ်ဘက်မှ ကျဆုံး မှုရှိခဲ့ကြောင်း သိရှိရပါတယ်။

စစ်အစိုးရ စစ်တပ်ရဲ့ လက်နက်တင်ဆောင်လာတဲ့ မီးရထားကို K.I.A မှ တိုက်ခိုက်နိုဝင်ဘာ ၁၀ ရက် မန္တလေး-
မြစ်ကြီးနား မီးရထားလမ်း၊ ကချင်ပြည်နယ် နမ္မတီးနှင့် မရန့်အကြားမှာ စစ်အစိုးရ စစ်တပ်တို့ဟာ ယခုစစ်ဖြစ်နေ
တဲ့ နယ်မြေများနှင့် ကျေးရွာနေ ပြည်သူ လူထုများကို အန္တရာယ် ဖြစ်စေနိုင်တဲ့ စစ်သုံး ပစ္စည်းများဖြစ်သော
လက်နက် ခဲယမ်းများနှင့် ဓါတုလက်နက်များပင် ပါဝင်နိုင်တဲ့ ပစ္စည်းများကို မီးရထား တစ်စီးဖြင့် တင်ဆောင်လာ
ခဲ့ရာ ယင်းမီးရထားကို K.I.A တပ်ရင်း (၁၁) တပ်ဖွဲ့တို့မှ ညသန်းခေါင်ယံ အလွန် အချိန်မှာ တိုက်ခိုက်ခဲ့ကြောင်း
စုံစမ်း သိရှိ ရပါတယ်။ ယင်းနယ်မြေတဝိုက် အနီးအနား များမှာလည်း တိုက်ပွဲငယ် အချိန်ပိုင်း ဖြစ်ပွားခဲ့သေး
ကြောင်း သိရှိရပါတယ်။                                                               ဇော်ရှန်