Friday, November 11, 2011

ရန်ကုန်မြို့၊ကျောက်တံတားမြို့နယ် စတုဒီသာအလှူ

၁၀-၁၁-၂၀၁၁
ရန်ကုန်မြို့၊ကျောက်တံတားမြို့နယ်၊၃၆လမ်း(အထက်)လမ်းသူလမ်းသားများ၏ထမင်း
စတုဒိသာ အလှူပြုလုပ်ရာသို့  နေရာအနှံမှ ပြည်သူများ လာရောက်၍  သုံးဆောင်ကြသည်။မြန်မာနိုင်ငံတွင် လက်လုပ်လက်စား ဆင်းရဲသူမိသားစုက အများအပြားရှိပါတယ်။မဖွံ့ ဖြိုး မလွတ်လပ်သေးသော မြန်မာနိုင်ငံမှာ အခုလိုပြည်သူများအတွက် စားဝတ်နေရေးအခက်အခဲ
များရှိနေတာကို ဓါတ်ပုံများက သက်သေပြနေပါတယ်။

အဓိကကတော့ တိုင်းပြည်မတိုးတက်တဲ့အတွက် ပြည်သူများဆင်းရဲနေကြရတာပါ။  
တိုင်းပြည်ဖွံ့  ဖြိုးတိုးတက်လာအောင် အုပ်ချုပ်သူများမှာတာဝန်ရှိပါတယ်။ခေတ်နဲ့ အညီ
မလိုက်နိုင်ရင် တိုင်းပြည်ဟာ နောက်ကျကျန်နေခဲ့မှာဖြစ်ပါတယ်။အိမ်နီးချင်းနိုင်ငံတွေဟာ
 တပြည်းပြည်းနဲ့ တိုးတက်လာနေပေမဲ့ မြန်မာနိုင်ငံမှာတော့ ဒီမိုကရေစီစနစ်ကို အခုမှဖေါ်
ဆောင်ဖို့  အငြင်းပွားနေဆဲမို့  ရင်လေးရပြီး စိတ်မကောင်း ဖြစ်ရပါတယ်။အငြင်းပွားနေကြ
တဲ့သူတွေ တိုင်းပြည်ရဲ့  လက်ရှိအခြေအနေတွေနဲ့   အနာဂတ်လူငယ်တွေရဲ့  ဘ၀ကိုလက်
တွေ့ ကျကျ သုံးသပ်ရန်လိုအပ်ပါသည်။