Saturday, November 12, 2011

၁၁.၁၁.၂၀၁၁ တစ်ခြောက်လုံးနေ့ Eleven Media Group မှ ကျင်းပ


၁၁ ရက်၊ ၁၁ လ၊ ၂၀၁၁ ခုနှစ် "၁" ခြောက်လုံးစုံသည့်နေ့ ဂုဏ်ပြုဆုတောင်းပွဲ အခမ်းအနား
ကို ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ကျင်းပခဲ့ပြီး အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ
သူရဦးရွှေမန်းက သ၀ဏ်လွှာ ပေးပို့ခဲ့သည်။

၁၁.၁၁.၂၀၁၁ တစ်ခြောက်လုံးနေ့ကို Eleven Media Group မှ ကျင်းပပြီး အနာဂတ်အတွက်
 ဖယောင်းတိုင်မီးညှိဆုတောင်းခြင်းကို သက်ဆိုင်ရာနယ်ပယ်မှ ကိုယ်စားလှယ် ၁၁ဦးက
ဦးဇာဂနာ၊လူမှုရေးအသင်းအဖွဲ့များကိုယ်စား နာရေးကူညီမှုအသင်းဥကဌ ဦးကျော်သူ၊ သတင်းမီဒီယာကိုယ်စားပြည်သူ့ခေတ်ဂျာနယ်အယ်ဒီတာချုပ် ဒေါက်တာဖေမြင့်၊ NGO
အဖွဲ့များကိုယ်စား  ဒေါက်တာကျော်သူ၊  စီးပွားရေး လုပ်ငန်းရှင်များကိုယ်စား ဒဂုံဆိပ်ကမ်း
စက်မှုဇုန် အတွင်းရေမှုး ဦးကျော်သူ၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများကိုယ်စား ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုဌေးကြွယ် အစ်မ မခင်မိမိကြွယ်၊ 
ချစ်သုဝေ ၊ အလုပ်သမားများကိုယ်စား လှိုင်သာယာမြို့နယ်မှ ကိုအောင်ထွန်း၊ တိုင်းရင်းသားများ
ကိုယ်စား ချင်းတိုးတက်ရေးပါတီမှ ဥကဌ ဦးဇိုဇမ် လယ်သမားများကိုယ်စား စလင်းမြို့နယ်မှ
 တက်ရောက်လာသူ ကိုဇော်မင်းထွန်း တို့မှ ဖယောက်တိုင်မီးထွန်းညှိပေးခဲ့ကြသည်။

ထိုပွဲကို ဆီဒိုးနားဟိုတယ်တွင် ည ၆ နာရီ ၃၀ မိနစ်မှ ည ၉ နာရီ ၃၀ မိနစ် အထိကျင်းပခဲ့သည့်
၁၁ ရက်၊ ၁၁ လ၊ ၂၀၁၁ ခုနှစ် "၁" ခြောက်လုံးစုံသည့်နေ့ ဂုဏ်ပြု ဆုတောင်းပွဲ အခမ်းအနားသို့ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံတော်သမ္မတ
အကြံပေးများ၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ၏ မိသားစုဝင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံ ဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံတမန် များ၊ INGO နှင့် NGO များမှ ကိုယ်စားလှယ်များ၊ စာရေးဆရာများ၊ ပြည်တွင်းပြည်ပသတင်းမီဒီယာများ၊ အနုပညာရှင်များ၊
 ပြည်သူများ ၇၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

 ယင်းနောက် အခမ်းအနားတွင်ခုံနံပါတ် ၁၁အား ယုံကြည်ချက်ကြောင့်မလွတ်မြောက်သူများ
အတွက်  ၀ိုင်းအလွတ်အဖြစ်ထားရှိထားခဲ့ပြီး အခမ်းအနားသို့ သက်ဆိုင်ရာနယ်ပယ်
အသီးသီးမှ ကျော်ကြာသူများစုံစုံလင်လင်တက်ရောက်ခဲ့သည်။ လူတွေဆန္ဒတွေအားလုံး
ဒီကနေကစပြီးပြည့်ကျပါစေလို့ ဇာဂနာက ဆုတောင်းခဲ့ပါသည်။
                                                                                                  ဇော်ထူး