Saturday, November 12, 2011

မြန်မာ့နိုင်ငံရေးနှင့် ပြဿနာများ

လက်ရှိမြန်မာနိုင်ငံရေးကို လေ့လာကြည့်မည်ဆိုလျှင် အငြင်းပွားဖွယ် ပြဿနာများ ရှိနေသည်
ကိုအထင်အရှား မြင်တွေ့ နေရပါသည်။လည်းကောင်းပြဿနာများသည် ၁၉၄၈ ခု လွတ်လပ်
ရေးရပြီးသည့်အချိန်မှ ၁၉၆၂ ခုနှစ် စစ်တပ်မှ ဦးနေ၀င်း အာဏာသိမ်းခဲ့ချိန်မှစ၍ တိုင်းရင်းသား
လွတ်မြောက်ရေးအင်အားစုများနှင့် စစ်တပ်အကြား ဖြစ်ပေါ်ခဲ့သောပြဿနာ ပင်ဖြစ်သည်။
၁၉၇၄ခုနှစ် ဦးသန့် အရေးအခင်း ကျောင်းသားများနှင့်ဖြစ်ပွားခဲ့သော အရေးအခင်း။၁၉၈၈
ခုနှစ် တစ်ပါတီအာဏာရှင်စနစ်ကို ဆန့် ကျင်သော လူထုအုံကြွမှုကြီးဖြစ်သည့် ရှစ်လေးလုံး
အရေးအခင်း စသည့်ရေးအခင်းများမှ ငြိမ်းချမ်းရေးနှင့် လူ့ အခွင့်အရေးရရှိရေးအတွက်
ဒီမိုကရေစီစနစ်ကို လိုလားကြသည့် ပြည်သူများမှ ယနေ့ အချိန်အထိ
တောင်းဆိုခဲ့ရာ အောင်မြင်မှုမရရှိနိုင်သေပေ။

မြန်မာနိုင်ငံသည် သယံဇာတ ပေါကြွယ်ဝသော နိုင်ငံဖြစ်ပြီး ရာသီဥတု ညီမျှသော လေးရာ
သီရှိပြီးဆန်ရေစပါးနှင့်ကောက်ပဲသီးနှံ အများအပြားထွက်ပြီး နိုင်ငံခြားတိုင်းပြည်များသို့ 
တင်ပို့ ရောင်းချနေဆဲဖြစ်သည်။မြန်မာ့နိုင်ငံရေး မတည်ငြိမ်မှုကြောင့် တိုင်းပြည်သည်
အာဏာရှင်များ၏ လက်ဝါးကြီးအုပ်မှုကို ခံခဲ့ရပြီး အနှစ် ၅၀ ကျော် စီပွားရေးအနှိမ့်ကျဆုံး
အဆင်း ရဲဆုံးနိုင်ငံအဖြစ်သို့  ရောက်ရှိခဲ့ရသည်။ ယနေ့ အချိန်အထိလဲ အာဏာပိုင်များ၏ စီပွားရေးကြီးဆိုးမှုများကြောင့် တခါးပိတ်ဝါဒကျင့်သုံးခဲ့သည်။ငွေရှိသူ အရင်းရှင်ကြီးများသာ
ချမ်းသာကြပြီး အများစုဖြစ်သော ပြည်သူများမှာ ဆင်းရဲကြရသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဒီမိုကရေစီနည်းဖြင့် အနိုင်ရခဲ့
သောလည်းအစိုးရတရပ်ဖွဲ့ စည်းခွင့် မရရှိသောကြောင့် ဒီမိုကရေစီနှင့် ဝေးခဲ့ရသည်။၂၀၁၀
 တွင်လည်း တရားမျှတမှုမရှိတဲ့ ဥပဒေတွေပါဝင်ခဲ့လို့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်
ရွေးကောက်ပွဲမ၀င်ခဲ့ပါ။ထိုရွေးကောက်ပွဲကို စစ်အစိုးရ၏ ဒေါက်တိုင်ဖြစ်သည့် ကြံ့ ဖွတ်မှ မတရားမှုများပြုလုပ်ပြီး အနိုင်ယူခဲ့ကာ စစ်အစိုးရသစ်တရပ် ပေါ်ပေါက်ခဲ့ပြီး ထိုအစိုးအား
 ပြည်သူများနှင့် နိုင်ငံတကာမှ လက်မခံကြပေ။စစ်မှန်သော ဒီမိုကရေစီအစိုးရမဟုတ်ဟု အများကနားလည်ကြသည်။

ယုံကြည်ချက်ဖြင့် နိုင်ငံအရေးလုပ်ဆောင်သူများကို ဖမ်းဆီးကာ နှစ်ရှည်ထောင်ဒါဏ်များချ
မှတ်ခဲ့သည်။မြန်မာ့နိုင်ငံရေးတွင် ထင်ရှားသူမှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပြီး အမျိုးသား
ခေါင်းဆောင် လူထုခေါင်းဆောင်လို့ ပြည်သူများက တင်စားကြသည်။ဖခင် ဗိုလ်ချုပ်အောင်
ဆန်းက လွတ်လပ်ရေးကိုရအောင် လုပ်ဆောင်ခဲ့သလို ဒီမိုကရေစီတော်လှန်ရေးတွင်လည်း
ဖခင်ကဲ့သို့  ရိုးသားခြင်း ဖြောင်မတ်ခြင်း တည်ကြည်ခြင်း အနစ်နာခံခြင်းများဖြင့် တိုင်းပြည်
ဖွင့်ဖြိုးတိုးတက်ပြီး ဒီမိုကရေစီနှင့်လူ့ အခွင့်အရေးများရရှိအောင် ကြိုးစားနေသူတဦးဖြစ်ပါ
တယ်။အာဏာရှင်လက်ထက် ၁၄ နှစ်ကျော် နေအိမ်အကျယ်ချုပ်ဖြင့် ကိုယ်ကျိုးမဖက်ပေး
ဆပ်မှုများစွာဖြင့် ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်ခဲ့သူ တဦးဖြစ်ပါတယ်။

၂၀၁၀-၁၁ လပိုင်းနေအိမ်အကျယ်ချုပ်မှ လွတ်လာပြီး ပြည်သူများနှင့်ထိတွေ့ ဆက်ဆံခဲ့ပြီး
တိုင်းပြည်၏လိုအပ်ချက်များနှင့် ပြည်သူ၏ဆန္ဒများကို လေ့လာခဲ့ပြီး လိုအပ်ချက်များကို မိမိ၏တတ်နိုင်သည့်ဘက်မှစွမ်းစွမ်းတမံဆောင်ရွက်ခဲ့မှုကြောင့် ပြည်သူများနှင့်နိုင်ငံတကာ
၏ လေးစားမှုကိုရရှိထားသူ ဒီမိုကရေစီရဲ့ ခေါင်းဆောင်ဖြစ်တယ်ဆိုရင် မှားမယ်မထင်ပါဘူး။
အစိုးရသစ်၏ ကမ်းလှမ်းမှုများကြောင့် သမတသစ် ဦးသိန်းစိန်နှင့်တွေ့ ဆုံကာနိုင်ငံရေးအခက်
အခဲများ ဆွေးနွေးခဲ့ကြပါသည်။ မတူတဲ့သဘောထားအမြင်တွေကိုဘေးဖယ်ထားပြီး တူညီတဲ့
လုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက် မည်ဟုကြေညာခဲ့ပါတယ်။လုပ်ငန်းစဉ်ထဲမှာနိုင်ငံရေး
အကျဉ်းသားလွတ်မြောက်ရေး အခြေခံဥပဒေပြင်ဆင်ရေး တွေ့ ဆုံဆွေးနွေးရေးစသည်တို့ ကို
တောင်းဆိုခဲ့ပါတယ်။

ကြာမြင့်လှပြီဖြစ်သော မြန်မာ့နိုင်ငံရေးပြဿနာမပြေလဲမှုများကြောင့် အနှစ် ၅၀ကျော်
 ငြိမ်းချမ်းရေမရရှိဘဲ ပြည်တွင်းစစ်ဖြစ်ပွားနေရခြင်း စီပွားရေး ပညာရေး ကျမ်းမာရေးစသည့် အကြပ်အတည်းများဖြင့်ရင်ဆိုင်ကြုံတွေ့ နေကြရသည်။ထိုအခက်အခဲများ ပြေလည်အောင်ဖြေ
ရှင်းရေးသည် ငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်းရန် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစု
ကြည်မှ လိုလားနေပြီး တိုင်းပြည်လည်းမနစ်နာအောင် ပြည်သူလည်းမနစ်နာအောင် အစိုးရလည်းမထိခိုက်အောင် အမျိုးသားရင်ကြားစေ့ ရေးကို လိုလားသည်။ထိုတွေ့ ဆုံဆွေးနွေး
ရေးများမှတဆင့် အနာဂတ်မြန်မာနိုင်ငံကို ဖေါ်ဆောင်ပေးနေပါသည်။တာဝန်ရှိသူ အစိုးရအနေ
ဖြင့်လည်း ဒီမိုကရေစီပြုပြင်ပြောင်းလဲရေုးလုပ်နေပါသည်ဟု နိုင်ငံတကာကိုကြေညာ ထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ တောင်းဆိုချက်ဖြစ်သည့် ရွှေဂုံတိုင်ကြေညာစာတမ်းတွင်---
၁။  ၁၉၉၀ ရွေးကောက်ပွဲရလဒ် ပြည်သူ့ လွှတ်တော်ကို တနည်းနည်းဖြင့် အတည်ပြုရေး။
၂။  နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေး။
၃။  ဖွဲ့ စည်းပုံအခြေခံဥပဒေ(၂၀၀၈)ကိုပြန်လည်သုံးသပ်ပြင်ဆင်ရေး တို့ ကိုတောင်းဆိုထား
သည်။ထို ရွှေဂုံတိုင်ကြေညာချက်ကို နိုင်ငံအသီးသီးရှိ အဖွဲ့ အစည်းအသီးသီးတို့ မှ ထောက်ခံ
ထားကြသည်။ယခု ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအကြား တွေ့ ဆုံဆွေးနွေးမှုဖြင့် အထက်
ပါတောင်းဆိုချက်များကို ဖြေရှင်းပေးနေပြီး အထိုက်အလျှောက် တိုးထက်မှုများကိုတွေ့ မြင်နေ
ကြရသည်။အလုံးစုံအောင်မြင်ရန်ဖြေရှင်းမှုသည် အချိန်ယူဖြေရှင်းကြရမည့်ပြဿနာဖြစ်သလို
ယုံကြည်မူ လေးစားမှု အပေးအယူ နားလည်မှုများ တည်ဆောက်ကြရမည်ဖြစ်ပေသည်။ ၂၀၀၈ အခြေခံဥပဒေကို အတည်ပြုခဲ့တာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မဟုတ်ပါဘူး။ မျိုးသား
ညီလာခံကပါ ဆန္ဒခံယူခဲ့တာလည်း စစ်အစိုးရကပါ နားလည်ဖို့ တော့လိုပါတယ်။ဒီမိုကရေစီ
စံနူန်းတွေနဲ့ မကိုက်ညီခဲ့လို့  ပြန်လည်ပြင်ဆင်ဖို့  တောင်ဆိုခဲ့ပါတယ်။ယခုလည်းပြန်လည်သုံး
သပ်ဖို့  တောင်းဆိုနေဆဲပါ။

အဓိကအားဖြင့် ပထမအဆင့်အနေဖြင့် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် အပါအ၀င်
နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးရေး ၂၀၀၈အခြေခံဥပဒေကိုပြင်ဆင်ရေး ငြိမ်းချမ်ရေး
လူ့ ခွင့်အရေးရရှိရေးတို့ သည် မြန်မာနိုင်ငံဒီမိုကရေစီတွင် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအဖြစ် ပါဝင်နေပြီး နိုင်ငံတကာမှလည်း ထောက်ပြပြောဆိုနေတာကို တွေ့ 
ရပါတယ်။မြန်မာနိုင်ငံ အမျိုးသားရင်ကြားစေ့ရေးတွင် ဒေါ်အောင်ဆန်းစုကြည်သည် အရေးပါ
သော ပုဂ္ဂိုလ်တဦးဖြစ်ကြောင်းကို အစိုးရ၏ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကသက်သေပြ
လျှက်ရှိပါသည်။ထိုသို့ လက်တွေ့ ကျကျ အကောင်အထည် ဖေါ်နိုင်မည့်သူ ဒေါ်အောင်
ဆန်းစုကြည်တဦးတည်းကိုသာ အစိုးရက လက်ခံထားသည်ကို မြန်မာ့နိုင်ငံရေးကို လေ့လာ
သူတိုင်းသိရှိနေကြသည်။အစိုးရနှင့်ပြည်သူလက်ခံထားသော ခေါင်းဆောင်၏ ဦးဆောင်မှုကို
လက်ခံကြရမည်။လက်မခံနိုင်ပါက မိမိကိုယ်တိုင် ပြည်သူများ၏ ရှေ့ တွင်မားမားမတ်မတ်ရပ်
တည်၍ ဦးဆောင်မှုကိုပြမှသာလျှင် ပြည်သူများမှယုံကြည်မည်ဖြစ်သည်။ဝေဖန်သုံးသပ်မှုသည်
ဒီမိုကရေစီအရလက်ခံရမည်ဖြစ်ပြီး မိမိ၏အတွေးအခေါ်နှင့်မှုဝါဒများကို ပြည်သူရှေ့ မှောက်တွင်
ရဲရဲတင်းတင်းချပြပြီး လက်တွေ့ အကောင်အထည်ဖေါ်ပြဖို့ လိုအပ်ပေသည်။

ဒီမိုကရေစီအင်အားစုများမှလည်း လိုအပ်ချက်များကို ထောက်ပြပြောဆိုသံများ ရှိနေပါသည်။
လက်တွေ့ ကျသောလုပ်ငန်းစဉ်များ အကောင်အထည်ဖေါ်ရာတွင် အချိန်အခါနှင့် အခြေအနေ
များပေါ်တွင်မှုတည်၍ ဖေါ်ဆောင်ရခြင်းဖြစ်သောကြောင့် အားမလိုအားမရဖြစ်ရသည်မှာ
သဘာဝပင်ဖြစ်ပေသည်။နိုင်ငံရေးသည် ခက်ခဲရှုပ်ထွေးလှသောကြောင့် နားလည်မှုရရှိရန်ခက်ခဲ
လှပေသည်။ကမ္ဘာ့သမိုင်းဖြစ်စဉ်များဖြင့် လေ့လာသုံးသပ်ရန်လည်းလိုအပ်ပေသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ကြားဖြတ်ရွေးကောက်ပွဲ ၀င်သင့် မ၀င်သင့်ကို လာမည့်
၁၈ ရက်နေ့ တွင် ဒီမိုကရေစီလုပ်ထုံးလုပ်နည်းများအရ ဗဟိုအလုပ်အမှုဆောင်ဆုံးဖြတ်ချက်ဖြင့်
တိုင်းနယ်ပြည်နယ်မှ တိုင်းစည်းအဖွဲ့ ဝင်များ ၁၀၆ ဦးကို ဖိတ်ကြား၍ ဗဟိုဦးစီးအဖွဲ့  အစည်းအဝေး
ခေါ်ယူ၍ ဆုံဖြတ်မည်ဖြစ်သည်။

မြသိန်း