Thursday, November 17, 2011

လှိုင်သာယာမြို့နယ်ရှိ အမေ့အိမ်စာသင်ကျောင်းသို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်စုကြည်နှင့် ဗြိတိသျှ
ဝန်ကြီးသွားရောက်ကြည့်ရှု

                                      


Myanmar pro-democracy leader Aung San Suu Kyi and Britain Secretary of State for International Development Andrew Mitchell arrive to visit a school providing free education founded by Suu Kyi's National League for Democracy party in Yangon November 17, 2011. Mitchell is in Myanmar for a three-day visit.
၁၇-၁၁-၂၀၁၁
ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်ရှိ အမေ့အိမ်စာသင်ကျောင်းသို့ လူထုခေါင်းဆောင် ဒေါ်အောင် ဆန်စုကြည်နှင့် ဗြိတိသျှဝန်ကြီးသွားရောက်ကြည့်ရှုလေ့လာကြည့်ရှုခဲရာ ဒေါ်အောင်ဆန်းစုကြည
အား လာရောက်အားပေးကြသော ပရိတ်သတ်ကြီးမှာ လူပေါင်း ၁၀၀၀ နီးပါးရှိသည်ဟုသိရပြီး
စာတန်း ပိုစတာများလည်းကိုင်ဆောင်၍ အားပေးကြသည်။ ကလေးငယ်များအား မေးမြန်းခဲ့ရာ ပညာသင်ကြားပေးသောကြောင့ကျေးဇူးတင်ကြောင်းနှင့် ဆရာဝန်လုပ်ချင်သူ နိုင်ငံရေးလုပ်ချင်
သူ အင်ဂျင်နီယာ လုပ်ချင်သည်ဟု ပြောဆိုခဲ့ကြသည်။ဒေါ်အောင်ဆန်းစုကြည်၏ အနာဂတ်
ကလေးငယ်များအပေါ် ထားရှိသော စေသနာကို ပြည်သူများမှ ၀ိုင်းဝန်းအားပေးကြသည်။

ဒေါ်အောင်ဆန်းစုကြည်မှ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဌာန၀န်ကြီး အင်ဒရူး မစ်ချယ်ကို ယနေ့ သွားရောက် လေ့လာစေခဲ့ခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။“ဘယ်လို
ဖွံ့ဖြိုးမှု အကူအညီတွေ လိုနေတယ်၊ ပြည်သူလူထုရဲ့ လိုအပ်ချက်ကြောင့် ကျမတို့ကျောင်းတွေ
ဖွင့်ထားရတယ် ဆိုတာ မြင်အောင်၊ သိရအောင်လို့ ခေါ်လာတာ” ဟု ၎င်းက ဆိုသည်။

ထိုနောက် မဖြူဖြူသင်း၏ HIV စင်တာနှင့် ဦးကျော်သူ၏ လူမှုကူညီရေးအသင်းများအား
လိုက်လံကြည့်ရှုသည်ဟု သိရှိရပါသည်။