၁၇-၁၁-၂၀၁၁
အခုလ ၁၃ ရက်က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကနေ နယ်ဝေးထောင်
တွေမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရတဲ့သူတွေကို လွတ်ငြိမ်းချမ်းသာခွင့်မှာ ထည့်မပေးနိုင်သေးရင် မိသားစုနဲ့ နီးစပ်တဲ့ နေရာတွေက ထောင်တွေကို ပြောင်းပေးဖို့
သမ္မတ ဦးသိန်းစိန်ကို မေတ္တာရပ်ခံခဲ့ပါတယ်။
ထိုကြောင့် နယ်ဝေးထောင်တွေမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ပြောင်းရွှေ့ 
အသံတွေကြားလာရပါတယ်။အခုလို အကျဉ်းသားတွေကို ပြောင်းရွှေ့တာ မိဘ ဆွေမျိုး
တွေကို အကြောင်းကြားခြင်း မရှိဘူးလို့ သိရပါတယ်။တချို့  မိသားစုတွေဟာ ဘယ်ထောင်
ကိုရောက်သွားမှန်းမသိကြရတဲ့အတွက် စိတ်ပူပန်မှုများရှိတယ်လို့  မိသားစုတွေက ပြောပါ
တယ်။လူသိများသူတွေကို စုံစမ်းလို့ ရပေမဲ့ လူမသိသူမသိတွေကတော့ အခက်အခဲရှိနေပါ
တယ်။
၁၊ဦးခွန်ထွန်းဦး ( ပူတာအို မှ တောင်ငူသို့ )၂။မင်းကိုနိုင် (ကျိုင်းတုံမှသရက်သို့ )
၃။သူရိန်အောင် (ကျောက်ဖြူမှဖားအံသို့ )၄။ဦးညီပု ( ကလေး မှ မအူပင်သို့)
၅၊ဦးစန္ဒောဘာသ ( ကလေး မှမြောင်းမြသို့ )၆။စည်သူဇေယျ ( အင်းစိန် မှဟင်္သာတသို့ )
၇။နီလာသိန်း ( သရက် မှသာယာဝတီသို့ )အသီးသီး ပြောင်းရွှေ့လိုက်တယ်လို့ သိရပါတယ်။
၃။သူရိန်အောင် (ကျောက်ဖြူမှဖားအံသို့ )၄။ဦးညီပု ( ကလေး မှ မအူပင်သို့)
၅၊ဦးစန္ဒောဘာသ ( ကလေး မှမြောင်းမြသို့ )၆။စည်သူဇေယျ ( အင်းစိန် မှဟင်္သာတသို့ )
၇။နီလာသိန်း ( သရက် မှသာယာဝတီသို့ )အသီးသီး ပြောင်းရွှေ့လိုက်တယ်လို့ သိရပါတယ်။
တကယ်တော့ နိုင်ငံရေးအကျဉ်းသားတွေဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် တောင်းဆိုမှုတွေ
ဝေဖန်မှုတွေလုပ်ခဲ့တဲ့အတွက် ဖမ်းဆီးခံခဲ့ရပြီး မတရားသော ဥပဒေတွေနဲ့  နှစ်ရှည်ထောင်
ဒဏ်တွေကျခံနေရတာပါ။ တကယ်တော့ ကမ္ဘာမှာ ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးတောင်း
ဆိုလို့  ၆၄နှစ် နှစ်ရှည်ထောင်ဒဏ်ကျခံရသူဆိုတာ မရှိပါဘူး။ အာဏာရှင်စနစ်မှာတော့
မတရား လုပ်တာတွေရှိပါတယ်။အစိုးရသစ်အနေနဲ့  ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်
နေတယ်ဆိုရင် မတရားတဲ့ ဥပဒေတွေကို ပြန်လည်သုံးသပ်ဖို့ လိုပါတယ်။
အမှန်က စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီအစိုးရလို့ သတ်မှတ်ရင် လွတ်ငြိမ်းချမ်းသာခွင့်ပေး
ရမှာပါ။ဟိုရွှေ့  ဒီရွှေ့ လုပ်တာဟာ တောင်းဆိုလို့ မဟုတ်ပါဘူး အရင်ကလည်း ဒီလိုဘဲလုပ်နေ
ကြပါ။ တကယ်တော့ လွှတ်ပေးရမှာပါ မလွှတ်ပေးခြင်လို့  ပြောင်းရွှေ့ ပေးတာ လည်းဖြစ်နိုင်ပါ
တယ်။ မနေက ဘာလီမှာ အမေရိကန် သမတ အိုဘားမားက မြန်မာအစိုးရကို လူ့ အခွင့်အရေး
ချိုးဖေါက်တယ်လို့  ပြောဆိုလိုက်ပါတယ်။တိုင်းရင်းသား ဒေသတွေမှာ စစ်ပွဲတွေဖြစ်နေတာ
တွေရှိနေဆဲကြောင့် ဟိုလှည့်ဒီလှည့်လုပ်နေတာဟာ နိုင်ငံတကာမှာ မျက်နှာပျက်စရာကောင်း
သလို အရှက်လည်းရစေပါတယ်။ နိုင်ငံတကာ ၀င်ဆန့် ဖို့ ဆိုရင် အခြေခံဖြစ်တဲ့ လူ့ အခွင့်အရေး
ကို လေးစားလိုက်နာပြီး မတရားဖမ်းဆီးထားတဲ့  နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ဆုံး လွှတ်ပေးရမည်ဖြစ်ပါသည်။