Thursday, November 17, 2011

မန္တလေးမစိုးရိမ်ကျောင်း တိုက်ဟောင်း သုတ္တန်ကျောင်းဆောင်ရှေ့၌ ငြိမ်းချမ်းရေး တရားဟောပြောပွဲ ဓါတ်ပုံများ


AP
၁၇-၁၁-၂၀၁၁
မန္တလေးဘုရားကြီးဝန်းအတွင်းရှိ မဟာဗုဒ္ဓဝင် ဗိမာန်တော် အပြင်ဘက်နံရံတွင် နိုင်ငံရေး
အကျဉ်းသားများ ချက်ချင်းလွှတ် ပြည်တွင်းစစ် ချက်ချင်းရပ်  လွတ်လပ်မှုကို ပေးပါ ဆိုသော
 စာတမ်း များ ချိတ်ဆွဲကာ ဆန္ဒပြနေသည်။

 အဆောက်အဦးအတွင်းတွင် ဆရာတော်များဖြစ်သည့် ဦးသောပါက၊ ဦးမာဃ၊ ဦးစန္ဒိမာ၊
ဦးဘိန္ဓောလ၊ ဦးဇောတိပါလတို့က သပိတ်စခန်းအဖြစ် ဖွင့်လှစ်ထားသောဟု ဆိုသည်။
ပြည်သူများနှင့် သံဃာတော်အများအပြားလာရောက်အားပေးကြပြီး ဆန္ဒပြရသည့် အကြောင်း
အရင်းများကို စပီကာဖြင့် မိန့် ကြားလျှက်ရှိပြီး တိုင်းပြည်ငြိမ်းချမ်းရေးကို လိုလားသည်ဟုဆို
သည်။

ညနေ ၄း၃၀ မှာ ဘုရားကြီးဝင်းအတွင်းမှ ဆန္ဒပြတာ မသင့်တော်ဟု အကြောင်းပြချက်နှင့် ဘုရားကြီးဂေါပကပိုင် ကားနဲ့ ဆန္ဒပြဆရာတော်ငါးပါးကို မစိုးရိမ်ကျောင်းတိုက်သို့ ရွှေ့ခဲ့ပါတယ်။
ဆရာတော် ဦးသောပါက အပါအ၀င် သံဃာငါးပါး ဦးဆောင်ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေး
ဆန္ဒပြုပွဲ ဒုတိယနေ့အဖြစ် မန္တလေး၊ ၈၇ လမ်း၊ ၃၆x၃၇ လမ်းကြားရှိ မန္တလေးမစိုးရိမ်ကျောင်း
တိုက်ဟောင်း သုတ္တန်ကျောင်းဆောင်ရှေ့၌ ယနေ့ (၁၆၊ ၁၁၊ ၂၀၁၁) ကျင်းခဲ့ပါသည်။ရဟန်း
သံဃာနှင့်ပြည်သူ ၃၀၀ကျော်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။