Thursday, November 17, 2011

အရှင်ဂမ္ဘီရ နှင့် ဦးညီပု၊ မအေးအေးအောင်တို့ အား အင်းစိန်ထောင်သို့ စတင်ပြောင်းရွှေ့

၁၇-၁၁-၂၀၁၁
ယနေ့ညနေ၆နာရီခွဲချိန်တွင် ရခိုင်ကျောက်ဖြူထောင် နှင့်ကလေးထောင်မှ နိုင်ငံရေးအကျဉ်း
သမားတစ်ချို့ကို အင်းစိန် ထောင် သို့ ပြောင်းရွှေလိုက်ပြီဖြစ်ကြောင်းသိရသည်။

ရွှေဝါရောင်တော်လှန်ရေးခေါင်းဆောင်တစ်ဦးဖြစ်သည့် အရှင်ဂမ္ဘီရ နှင့် ဦးညီပု၊ မအေးအေး
အောင်တို့မှာ ကလေး အကျဉ်းထောင်မှ ရန်ကုန်လေဆိပ်သို့ ၆ နာရီ ၀န်းကျင်တွင်လည်း
ကောင်း ဦးသူရိန်အောင် မှာ ကျောက်ဖြူ အကျဉ်းထောင်မှ ရန်ကုန်လေဆိပ်သို့ ညနေ ၅ နာရီ
အချိန် တွင် မြန်မာ့လေကြောင်းလိုင်းဖြင့် အသီးသီးရောက်ရှိခဲ့သည်။ ယင်းမှ ၆နာရီ ခွဲခန့်တွင်
ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အင်းစိန်အကျဉ်းထောင်သို့  နောက်ဖက်ပေါက်မှ သွား
ရောက်ပို့ဆောင်ခဲ့ကြောင်းသိရသည်။

သွားရောက်သတင်းယူခဲ့သည့် သတင်းထောက်များအဆိုအရ လည်းကောင်းတို့ အား ခေါ်
ဆောင်လာသည့် ကားများကို လမ်းကြောင်းကားပုံဖြင့် တရကြမ်းမောင်းထွက်သွားခဲ့ပြီးအကျဉ်း သားများလူမမြင်စေရန် ယူနီဖောင်းဝတ်ရဲဝန်ထမ်းများက ကားနောက်တွင် ကာကွယ်ထား ကြောင်သိရသည်။အကျဉ်းဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများအရ အကျဉ်းသားများ ထောင်
ပြောင်းရွှေ့ပါက ခြေကျင်းခတ်ခြင်းကို မပြုလုပ်သလို အကျဉ်းထောင်ကားဖြင့် ခေါ်ဆောင် ခြင်းမျိုးလည်းမဟုတ်ပဲ E2000 ကား(၀န်ထမ်းသုံးးဒိုင်နာကားတစ်မျိုး) ဖြင့်သည် ဆောင်သွား
ခြင်းဖြစ်သည်။

ထောင်ပြောင်းရွေ့လာသည့်နိုင်ငံရေးအကျဉ်းသမားများကို ပြည်တွင်းလေဆိပ် တပ်မြေ သီးသန့်
ဝင်ထွက်ပေါက်မှ ထုတ်ယူသွားကြောင်း သိရသည်။ နောက်ဆုံးကြားသိရသည့် သတင်းများအရ မနက်ဖြန်မနက်ဆိုက်ရောက်မည့် ကျိုင်းတုံလေယာဉ်ဖြင့် ကိုမင်းကိုနိုင်ပါလာနိုင်ဖွယ်ရှိကြောင်း
သိရသည်။

ဇော်တူး