Wednesday, November 16, 2011

ရွှေတိဂုံစေတီတော်အရှေ့ဖက်မုဒ်ရှိ ကြေးသွန်းဘုရားကြီး
ရှေ့တွင် လုံခြုံရေးတင်းကျပ်

၁၆-၁၁-၂၀၁၁
ရွှေတဂုံဘုရား အရှေ့ ဘက်မုဒ်မှာ သံဃာများ ဆန္ဒပြမယ်လို့  သတင်းတွေ ထွက်ပေါ်
နေလို့  လူများစုဝေးရောက်ရှိနေကြပြီး လုံခြုံရေးတင်းကျပ်ထားသောကြောင့် ဆန္ဒမပြ
ဖြစ်ခဲ့ ဘူးလို့  သတင်းရရှိခဲ့ပါတယ်။

မန္တလေးမှာတော့ ဦးသောပါက ဘုရားကြီး ရေတော်ကျောင်းမှာ သတင်းသုံးနေပါတယ်.။ ဘုရားတောင်ဘက်မုဒ် ဦးပွား ဇရပ် ဘက်မှာပါ။တရားဟောဖြစ်တယ်လို့ သိရပြီး မစိုးရိမ်
ကျောင်းထဲမှာ ဟောပြောခဲ့ကာ သတင်းစာရှင်းလင်းပွဲလည်းလုပ်ခဲ့တယ်လို့  သိရှိရပါတယ်။

ယမန်နေ့(၁၅၊ ၁၁၊ ၂၀၁၁)က မန္တလေး၊ မဟာမြတ်မုနိဘုရားကြီး၊ မဟာဗုဒ္ဓ၀င်ဗိမာန်တော်ကြီး
တွင် ဆရာတော် ဦးသောပါက အပါအ၀င် သံဃာငါးပါး ဦးဆောင်ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေး
ဆန္ဒပြုပွဲ ဒုတိယနေ့အဖြစ် မန္တလေး၊ ၈၇ လမ်း၊ ၃၆x၃၇ လမ်းကြားရှိ မန္တလေးမစိုးရိမ်ကျောင်း
တိုက်ဟောင်း သုတ္တန်ကျောင်းဆောင်ရှေ့၌ ယနေ့ (၁၆၊ ၁၁၊ ၂၀၁၁) ကျင်းပဆင်နွှဲခဲ့ပါသည်။

ပရိသတ် ဦးရေ ၃၀၀ ခန့် တက်ရောက်ခဲ့ပြီး နေ့လည် ၁ နာရီက စတင်သည့် အဆိုပါ
အခမ်းအနားသည် နေ့လည် ၂ နာရီတွင် ပြီးဆုံးခဲ့ပါသည်။

အခမ်းအနားကို မေတ္တာသုတ်သံပြိုင်ရွတ်ဖတ်ခြင်း၊ ၂၀၀၇ စက်တင်ဘာရွှေဝါရောင်တော်လှန် ရေးအမှတ်တရ မေတ္တာပို့စာသားများ သံပြိုင်ရွတ်ဆိုခြင်းတို့ဖြင့် အဆုံးသတ်ခဲ့ပါသည်။

အခမ်းအနားအပြီးတွင် "သမ္မတကြီးအားတောင်းဆိုထားသော အချက်သုံးချက်ကို သဘောတူ ထောက်ခံကြသော ငြိမ်းချမ်းရေးလိုလားသူ သံဃာတော်များနှင့် တကာ၊ တကာမများ၏
လက်မှတ်များ" အား ငြိမ်းချမ်းရေး ဆရာတော်များက ကောက်ခံခဲ့သေးကြောင်း သတင်းရ
ရှိပါသည်။ယနေ့ မန္တလေးမှ သံင်္ယာဟောပြောပွဲကို နေ့လည် ၁ နာရီမှ ၂ နာရီ ခွဲအချိန်ခန့်
ထိ ဟောပြောခွင့်ရခဲ့ပြီး၊ ကျန် ၂ ရက်ကို ပိတ်လိုက်ကြောင်း သိရပါတယ်။