Sunday, November 13, 2011

နိုင်ငံရေးအကျဉ်းသားတွေ မနက်ပြန် လွှတ်ပေးမယ်လို့  သတင်းတွေထွက်နေ

မြန်မာ အစိုးရက မနက်ဖြန် နိုင်ဝင်ဘာလ ၁၄ ရက်နေ့  တနင်္လာ နေ့ မှာ နိုင်ငံရေး
အကျဉ်းသားတွေ ထပ်လွှတ် ပေးအုံး မယ်လို့  ဒီနေ့  မြန်မာ အစိုးရ တာဝန် ရှိသူ တစ်ဦးက
AFP သတင်းဌာန ကို တရား ၀င် ပြောကြား ပါတယ်။ ပြည်ထဲရေး ၀န်ကြီးဌာန က ပြောခွင့်
ရအရာရှိ တစ်ဦးက ရိုက်တာ သတင်းဌာန ကို ပြောရာမှာယုံကြည် ချက် ကြောင့် အကျဉ်းကျ
နေသူတွေကို လွှတ်ပေးမယ် ၊ ဒီတစ်ရက် နှစ်ရက်အတွင်းအသေးစိတ် သိရလိမ့်မယ်၊
အချို့ ကတော့ တင်္နလာ နေ့  အထွေထွေ လွတ် ငြိမ်း ချမ်းသာခွင့်ကြေငြာ ပြီးတာနဲ့ လွှတ်
မယ်လို့  ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလက နိုင်ငံရေး အကျဉ်းသား တွေ ပြန်လွတ်ပေးရာမှာ ကိုဇာဂနာ အပါ
ဝင် ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားအချို့  ပြန်လည်လွှတ်ပေးခဲ့ပေမယ့် နိုင်ငံရေးအကျဉ်း
သား ၂၀၀ ကျော်သာ ပါတဲ့အတွက် ကန့် ကွက်မှုဝေဖန်မှုတွေ ပေါ်ထွက်ခဲ့ပါတယ်။

လတ်တလော ဟာဝိုင်ယီမှာ ကျင်းပနေတဲ့ အာရှ-ပိစိဖိတ် အစည်း အဝေးမှာ အမေရိကန်နိုင်ငံ
ခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အပြောင်းအလဲတွေဖြစ်
လာဖို့  အတွက် ဒီထက်ပိုလုပ်ရမယ် လို့  ပြောခဲ့ပါတယ်။ နောက် သူမက မြန်မာပြည်သူ အား
လုံး တိုင်းပြည် ရဲ့  နိုင်ငံရေး မှာ ပါဝင် နိုင် ဖို့  မျှော် လင့် တယ် လို့  ဆိုပါတယ်။

ဒီနေ့  တနင်္ဂနွေ နေ့ ထုတ်ကြေးမုံသတင်းစာမှာလည်း မြန်မာစိုးရ က ဖွဲ့  စည်းထား တဲ့ လူ့ 
အခွင့် အရေး ကော်မရှင် က နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့  တောင်းဆိုခဲ့ပါ
တယ်။မြန်မာပြည်ရဲ့  အာဆီယံ ဥက္ကဌ နေရာကို ဒေသတွင်း နိုင်ငံတွေက မဆုံးဖြတ်ခင်အတွင်းမှာ
အမေရိကန် သမ္မတ အိုဘားမား တက်ရောက်မယ့် အင်ဒိုနီးရှား ဘာလီကျွန်းက အာဆီယံ အစည်း
အဝေး မစခင်မှာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမယ်ဆိုတဲ့ ဒီကြေငြာချက်ကို ထုတ်ပြန်
လိုက်တာ ဖြစ်ပါတယ်။