Thursday, November 10, 2011

ရခိုင်လူငယ်များစုပေါင်းကာ ဘီဘီစီ ရန်ကုန်မြို့ဗြိတိသျှသံရုံးရှေ့ ဆန္ဒထုတ်ဖေါ်

၁၀-၁၁-၂၀၁၁
ဘီဘီစီ အင်္ဂလိပ် ဆောင်းပါးပါ အချက် များကို ကန့် ကွက် ကြောင်း ဆန္ဒထုတ်ဖော်ပွဲကို
နိုဝင်ဘာလ ၉ ရက်နေ့  နေ့ လည် ၁ နာရီဝန်းကျင်တွင် ရခိုင်လူငယ်များ(၂၀ကျော်)စုပေါင်း
ကာ ရန်ကုန်မြို့ဗြိတိသျှသံရုံးရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကိုတက်ရောက်ခဲ့သည့်သူက "ဘီဘီစီကနေပြီးတော့ မြန်မာနိုင်ငံ
မြေပုံကိုတင်တဲ့ အချိန်မှာ ကျွန်တော်တို့ ရခိုင်နေရာတို့  ဒီရှမ်းနေရာ၊ ဧရာဝတီတိုင်း နေရာ
တို့ မှာ မှားနေတယ်။ မှားနေတဲ့ နေရာမှာ အဓိက အရေးကြီးတာက ကျွန်တော်တို့ရခိုင်နေရာ
မှာ ရိုင်ဟင်ဂျာ ကုလားတွေကို ဗလီတက် နေတဲ့ပုံကို ထည့်ထားတယ်။ ဒါကျွန်တော်တို့ 
တိုင်းရင်းသားတစ်ခုလုံးကို ဖုံးကွယ်တာပဲ။" ဟု ရခိုင်လူငယ် တစ်ဦးဖြစ်သည့် ကိုစစ်ငြိမ်းအေး
ကဆိုသည်။ဆန္ဒပြရာတွင် စနစ်တကျ ထိရောက်မှုရှိအောင် လူအင်အားဖြင့် ဆန္ဒဖေါ်ထုတ်
တောင်းဆိုရန် လိုအပ်သည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် ဘီဘီစီတွင်ပါသည့်မြေပုံတွင် ရခိုင်နေရာတွင်ရိုဟင်ဂျာကိုထည့်
သွင်းခြင်းကြောင့် လူမျိုးဖျောက်သည့်အတွက် အမှားကိုတောင်းပန်ရန်နှင့် ယင်းသတင်းရေး
သားသည့် သတင်းထောက် အင်တာဂျုန်းအား အလုပ်ထုတ်ရန်တောင်းဆိုခဲ့ကြသည်။

ယင်းရိုဟင်ဂျာများကို လူသားချင်းစာနာထောက်ထားစွာဖြင့် ရခိုင်လူမျိုးများနေထိုင်သည့်နေရာ
များတွင် နေထိုင်ခိုင်းသော်လည်း ယခုကဲ့သို့ပြသနာဖြစ်ခြင်းကို ရခိုင်လူမျိုးများကလက်မခံ
ကြောင်း၊ ရခိုင်တွင် ရိုဟင်ဂျာဆိုသည့် လူမျိုးမရှိပဲ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့ဘက်မှရောက်လာ
သည့် ဘင်ဂါလီ မူစလင် ကုလားများသာဖြစ်ကြောင်းသိရသည်။

ဇော်တူး