Tuesday, November 8, 2011

NLD မှတ်ပုံတင်/မတင် တိုင်းနှင့်ပြည်နယ် ဗဟိုကော်မတီဝင်များ အစည်းအဝေးဖြင့် ၁၈ ရက်နေ့တွင် ဆုံးဖြတ်ချက်ယူမည်



၈-၁၁-၂၀၁၁
ယနေ့ အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ပြုလုပ်ခဲ့ရာ အစည်း
အဝေးတွင် ပါတီဒု ဥက္ကဌ ဦးတင်ဦး၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊
ဦးဝင်းတင်၊ ဦးညဏ်ဝင်း၊ ဦးဟံသာမြင့်၊ဦးအုန်းကြိုင်၊ ဒေါ်မေဝင်းမြင့် ၊ ဦးသန်းထွန်း၊
 ဦးလှဖေ၊ ဦးဝင်းမြင့် တို့ တက်ရောက် ခဲ့ကြသည်။

ဆုံဖြတ်ချက်အရ NLD ဗဟိုကော်မတီဝင်များ အစည်းအဝေးကို တိုင်းနှင့်ပြည်နယ် အသီးသီးရှိ
ပါတီဗဟို ဦးစီး အဖွဲ့ဝင် ၁၀၆ ဦးနှင့် နိုဝင်ဘာလ ၁၈ ရက် အင်္ဂါနေ့  မနက်ပိုင်းတွင် အစည်းအဝေး ခေါ်ယူပြီး ဆုံးဖြတ်ချက်ယူမည် ဖြစ်ကြောင်း  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြောကြားခဲ့သည်။ နိုဝင်ဘာလ ၁၈ ရက်နေ့  ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းရှိ ရုံးချုပ်အစည်းအဝေးခန်းမတွင် ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။