Monday, July 18, 2011

အာဇာနည်နေ့ အကြို အမေ့အိမ်(လှိုင်သာယာ)

၂၀၁၁-၇-၁၈
ဒီနေ့ (17th July ) အမေ့အိမ်(လှိုင်သာယာ) ပညာဒါနကျောင်းလေးမှာ( ၆၄)နှစ်မြောက်အာဇာနည်နေ့ 
အကြို အခန်းအနားတစ်ခုကိုအောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
မနက်(၁၀း၀၀)နာရီမှာ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွအာဇာနည်ခေါင်းဆောင်ကြီးများ ကို ရည်စူးရ်ျ သံဃာတော်( ၅ )ပါးကိုဝါဆိုသင်္ကန်း( ရ )စုံနှင့်တကွ ဆွမ်းဆက်ကပ်လှူဒါန်းပြီး အာဇာနည်
ခေါင်းဆောင်ကြီးများအားရေစက်သွန်းချအမျှအတန်းပေးဝေခဲ့ကြပါတယ်။
မနက်(၁၁း၃၀)မှာ အဖွဲ့ ချုပ်မှ လူကြီးများဖြစ်ကြသော ကဗျာဆရာ/ စာရေးဆရာ ဖျာပုံနီလုံဦးနှင့် မုံရွာ 
အောင်ရှင်တို့ က အာဇာနည်နေ့ ရဲ့ အဓိပါယ်ကိုကလေးများကိုဟောပြောရှင်းပြပြီးဆရာဦးအေးဘိုနှင့် 
ဆရာမင်းမင်းတို့  ကဗိုလ်ချုပ်အောင်ဆန်းရဲ့  ကလေးဘ၀မှ စရ်ျနိုင်ငံခေါင်းဆောင်ဖြစ်လာသည့် အချိန်ထိ
လေးစား အတုယူ သင့်သည့်ရိုးသားဖြောင့်မတ်မူ၊ ဂတိသစ္စာတည်ကြည်မူ၊ ကိုယ်ကျိုးစွန့် အနစ်နာခံမူ၊
များကို ရှင်းလင်းဟောပြောခဲ့ကြပါတယ်။ ထိုနောက် ကလေးများရဲအာဇာနည်ပုဂ္ဂိုလ်ကြီများ တစ်ဦးချင်း 
အထ္ထုပတ္တိဟောပြောခြင်း၊ ကလေးများရဲ့ အာဇာနည်နေ့ ကဗျာရွတ်ပြိုင်ပွဲ နှင့်စာစီစာကုံးပြိုင်ပွဲဆုပေးပွဲ 
အစီအစဉ်တို့ ဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့  အခန်းအနားတက်ရောက်လာကြသော ကလေးများအားလုံးကို  အာဇာနည်ခေါင်း 
ဆောင်ကြီးများရဲ့ ဓါတ်ပုံ၊ဗလာစာအုပ်၊ခဲတန်နှင့်ကြာဆံကြော်တစ်ထုပ်စီကို လှူဒါန်းပေးအပ်ခဲ့ ကြပါတယ်။
အမေ့အိမ်ပညာဒါနကျောင်းလေးရဲ့ ပထမအကြိမ်အာဇာနည်နေ့ အခန်းအနားသည် ကလေးများအတွက်
လည်းပထမဆုံးဘ၀အတွေအကြုံအဖြစ် အမှတ်တရ နဲ့ သူတို့ လေးတွေရဲ့ ရင်ထဲကိုအာဇာနည် စိတ်ဓါတ်
မျိုးစေ့ချပေးနိုင်ခဲ့လိမ်မည်ဟုယုံကြည်မိပါကြောင်း ။

ပေးပို့ လာသူအားကျေးဇူးတင်ရှိပါသည်။
လူထုအော်သံ