Monday, July 18, 2011

တစ်ခါကဖတ်ခဲ့ဘူးသော ကဗျာလေး

အာဇာနည်နေ့၊
ဗမာပြည်၏ နေ့တစ်နေ့၊
ယနေ့တစ်သက်တာ အထိ၊
တို့မေ့ရက်စရာ မရှိ ။ ။
ဖခင်အောင်ဆန်း၊
သွေးခင်းလမ်းဖြင့်၊
လွတ်လမ်းတံခါး ဖွင့်ပေပြီ ။ ။
သမီးစုကြည်၊ အာဇာနည်လည်း၊
ဒီမိုကရေစီအရေး ၊
လွတ်လပ်ရေးအတွက်၊
ကိုယ်စံတေးခံ၊ အကျဉ်းစံရရှာပြီ ။ ။
အာဇာနည်သွေး၊
ဂုဏ်ပျံ့ မွှေး၍၊
လေးမြတ်ထိုက်စွာ၊ ဂုဏ်ပြုပါအံ့ ။ ။
သို့သော်ငြားလည်း၊
မှားသူကမှန်၊ မှန်သူကမှား၊
မတရားကို၊ တရားလေဟန်၊
ခေတ်ပြောင်းပြန်ကြောင့်၊
နိုင်ငံရင်နာ မဆုံးတည်း ။ ။

တင်မိုး