Sunday, July 17, 2011

ဥပဒေမဲ့ လူမဆန်သည့်အပြုအမူကြောင့် ကိုယ်ဝန်သည်တဦး ဆေးရုံတင်ရ

၁၂ ရက်၊၇လ(ဇူလှိုင်)၊2011ခုနှစ် ညနေ ၅နာရီ ၃၀ ခန့် မှာ ကျွန်တော်နှင့်ကျွန်တော်၏ဇနီး၊အိမ်နီးနားချင်းမိန်းကလေး
တစ်ယောက် တို့နှင့် အတူ ရွှေပြည်သာမြို့နယ် တ/၁၅ ရပ်ကွက်အနီး သိမ်ချောင်းကျေးရွာတွင်နေထိုင်ေ​သာ ဆရာလေး(သီလရှင်) တစ်ပါးထံ သို့ သွားခဲ့ပါတယ်၊ထိုမှ အပြန်မှာ သိမ်ချောင်းကျေးရွာအထွက် လမ်းအရောက်မှာ ၄င်းရွာတွင်နေထိုင်သော အသက်(၄၀)ခန့် ဟန်ညွှန့်(စုံစမ်းသိရှိရသည်) ဆိုသူသည် ကျွန်ုပ်တို့နောက်ဘက်မှ စက်ဘီးကို ဘဲလ်မတီးပဲ ကျော်တက် ပြီး အစ်မ၊ညီမ မကြားဝံ့သော ဆဲနည်းများဖြင့် ဆဲရေးတိုင်းထွာ ပြီး ကျွန်ုပ်တို့ နားသို့ရောက် လာသသည်။ ကျွန်ုပ်လည်း အသက်ငယ်သူဖြစ်သောကြောင့် "ခင်ဗျား ဆဲစရာမလိုပါ ဘူး စက်ဘီးဘဲလ်ကို တီးရင် ကြားရပါတယ်" ဟုပြန်လည်ပြောကြားသောအခါ "မင်းကဘာကောင်လဲ ကွ" ရှေ့သို့တိုးလာကာ ကျွန်ုပ်အား ထိုးကြိတ်ရန် ၀င်လာသည်။ထို အချိန်တွင် ကျွန်ုပ်၏ဇနီး ကိုယ်ဝန်(၆လ) ရှိသူ ပြသနာ မဖြစ်အောင် ကြားမှ ၀င်ရောက်တောင်းပန်သည်ကို ပါးကို လက်ဖြင့်ရိုက်ကာ ၀မ်းဗိုက်အား ခြေထောက်ဖြင့် ကန်ကျောက်ခဲ့သသည်။ကျွန်ုပ်၏ဇနီး​ လဲကျ သွားသောအခါ ကျွန်ုပ်အား ထပ်မံပြီး ၀င်ရောက်ထိုးကြိက်ပါသည်။ ၁၀ မိနစ်ခန့် အကြာမှာ လမ်းသွားလမ်းလာများက ၀င်ရောက်ဟန့် တားသဖြင့် "ဒါ ငါ့ ရပ်ကွက်၊ ငါ့ရွာ " ဟု ပြောကြားပြီးရွာထဲ သို့ ပြန်လည်ထွက်ခွာသွားသည်။ ကျွန်ုပ်မှာ ဖူးယောင်ဒဏ်ရာ အနည်းအကျည်းသာရရှိခဲ့သော်လည်း ကျွန်ုပ်၏ ဇနီးမှာ ရွှေပြည်သာဆေးရုံတွင် အတွင်းလူနာအဖြစ်တက်ရောက်
ကုသနေရသ​ည်။၎င်းဖြစ်စဉ်ကို လှော်ကားရဲစခန်းနှင့် ရပ်ကွက်လူကြီး ၊သက်ဆိုင်ရာတာဝန်ရှိသူများကို တိုင်ကြား အမှုဖွင့်ထားသော်လည်း လှော်ကားရဲစခန်းမှ ထိရောက်သော စုံစမ်းစစ်ဆေးမှုကိုမပြုလုပ်ခဲ့ပါ။ ရပ်ကွက်ထဲမှ သူများက ကျွန်ုပ်တို့ အား စုံစမ်းပေးရာ မှာ ထိုသူ မှာ ၂လုံး၃လုံး ချဲထီ ရောင်းသူဟုသိရပြီး တာဝန်မှူး(တိုင်ကြားချက်) လက်ခံသူ တပ်ကြပ်ကြီး တင်ဆန်းရွှေနှင့် နယ်ဖြေခံရဲတပ်ဖွဲ့ ကို တံစိုးလက်ဆောင် များ လက်ထိုးထားသည်ဟုသိရှိရပါတယ်....​...မည်သို့ပင်ဖြစ်စေကာမူ ယခုဖြစ်ရပ် သည် လူမဆန်သည့်အပြုအမူ ဖြစ်သည်ကို သူငယ်ချင်းတို့တွေ့ရပါလိမ့်...ဒါကြောင့် ကျွန်ုပ်တိုင်ကြားထားသော အမှုကို တရားရုံးသို့မတင် ပဲ အမှုဖျောက်မည်ကို စိုးရိမ်သဖြင့် သူငယ်ချင်းတို့ တက်နိုင်သလောက် အွန်လိုင်း သတင်းဖြန့်ကူညီပေးစေချင်ပါတယ်။
တစ်ဖက်သက်ခံ ရသူမှာ ကျော်ဇင်လတ်(၁၄/ဖပန(နိုင်)၁၄၀၅၀​၉) နှင့် မအိအိဖြူ(၁၄/ဖပန(နိုင်)၁၃၂၀၉၆)