Monday, October 14, 2013

ဖွဲ့ စည်းပုံ ပြင်ချင်သူ ၉၀ ရာခိုင်နှုန်းရှိဟုဆို

 
 ၂၀၁၃-၁၀-၁၄
 ၂၀၀၈ ဖွဲ့ စည်းပုံပြင်ချင်တဲ့သူက ၉၀ ရာခိုင်နှုန်းရှိပြီး ၁၀ ရာခိုင်နှုန်းကတော့ အသစ်ဆွဲချင်ကြောင်း ဆန္ဒပြုကြတယ်လို့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၊ ဖွဲ့ စည်းပုံပြင်ဆင်ရေးဆွဲရေး ကော်မတီဝင် ဦးကိုနီက ပြောပါတယ်။ ဖွဲ့ စည်းပုံပြင်ဆင်ရေး၊ ရန်ကုန်တိုင်းတာဝန်ခံ ဦးကိုနီက ရန်ကုန်မှာ ပြုလုပ်ခဲ့တဲ့ ဖွဲ့ စည်းပုံရှင်းလင်းပွဲ အခမ်းအနား ၂ ခုကို တက်ရောက်လာကြတဲ့ ရာနဲ့ ချီတဲ့ ပြည်သူတွေရဲ့ အသံကို နားထောင်ပြီး အခုလို ထုတ်ဖော်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုတာ တိုင်းပြည်အတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတဲ့အကြောင်း တက်ရောက်လာတဲ့ပြည်သူတွေကို အရင်ဆုံး ရှင်းပြခဲ့တာလို့  ဦးကိုနီက ပြောပါတယ်။ “ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုတာ ဘာလဲ၊ တိုင်းပြည်အတွက် ဘယ်လောက်အရေးကြီးသလဲ၊ ဒီမိုကရေစီ ဖွဲ့ စည်းပုံအခြေခံတခုနဲ့  အခြေခံစာလုံးတွေက ဘာဆိုတာ ခွဲပြီးပြောတယ်။ ပြီးတော့ ၂၀၀၈ ဖွဲ့ စည်းပုံဟာ ပြည်သူတွေရဲ့ဆန္ဒ မပါဘူးဆိုတဲ့အချက်၊ ၂၀၀၈ ဖွဲ့ စည်းပုံဟာ နိုင်ငံတော်အာဏာကို ပြည်သူတွေဆီမအပ်ဘဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူကို အများဆုံး အပ်နှင်းထားတယ်ဆိုတာ ဆိုတဲ့အချက်တွေကို ကျနော်တို့ က ရှင်းပြပါတယ်။” ပြည်သူတွေဆီက ဆန္ဒခံယူပုံကိုလည်း ဦးကိုနီက “ကျနော်တို့ က နှစ်မျိုးမေးပါတယ်။ ပထမ ပြင်တဲ့နည်းနဲ့  ပြောင်းတာကို ကြိုက်သလားလို့  မေးပါတယ်။ ဒုတိယက အသစ်ရေးတဲ့နည်းနဲ့  ပြောင်းတာကို ကြိုက်သလားမေးတယ်။ ၉၀ ရာနှုန်းက ပြင်တဲ့နည်းနဲ့  ပြောင်းတာ      ကို ကြိုက်တယ်လို့  ပြောတယ်။ ၁၀ ရာခိုင်နှုန်းလောက်ကတော့ အသစ်ရေးတဲ့နည်းနဲ့  ပြောင်းတာကို ကြိုက်တယ်လို့  ပြောပါတယ်။ လက်နဲ့ လည်းထောင်ပြီးတော့ ကျနော်တို့ က ဆန္ဒယူပါတယ်။                  အသံနဲ့ လည်း ယူပါတယ်” လို့ ပြောပါတယ်။ ဆန္ဒခံယူပွဲကို ရန်ကုန်တိုင်း ဒလမြို့ နယ်နဲ့ ၊ ဗဟန်းမြို့ နယ်တို့ မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ၂ ပွဲစလုံး ပြည်သူ ၅၀၀ကျော် တက်ရောက်ခဲ့ တယ်လို့    ပြောပါတယ်။ ကရင်ပြည်နယ် ဘားအံခရိုင်အတွင်းမှာလည်း ဖွဲ့ စည်းပုံနဲ့  ပတ်သက်ပြီး ပြီးခဲ့တဲ့   အောက်တိုဘာ ၆ ရက်က ပြည်သူ့ဆန္ဒသဘောထားခံယူရာမှာ ၉၀ ရာနှုန်းကျော်က ဖွဲ့ စည်းပုံပြင်ရေး       ကို လိုလားကြောင်း ဆန္ဒမဲပေးခဲ့ကြပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဟာ ဖွဲ့ စည်းပုံပြင်မလား၊ အသစ်ရေးဆွဲမလား ဆိုတာကို ပြည်သူ့ဆန္ဒရယူဖို့  အဖွဲ့ ၇ ဖွဲ့ ခွဲပြီးစတင်လုပ်ဆောင်နေတာဖြစ် ပါတယ်။ ပြည်ထောင်စုလွှတ်တော်က ဖွဲ့ စည်းပေးထားတဲ့ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ  လေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီကလည်း ၂၀၀၈ ဖွဲ့ စည်းပုံနဲ့ ပြတ်သက်ပြီး ပြည်သူ့ဆန္ဒအကြံပြုချက်တွေ ရယူသွားမယ်လို့  အောက်တိုဘာ ၃ ရက်နေ့ က သတင်းထုတ်ပြန်ထား ပါတယ်။ ပြည်ထောင်စုကြံ့ခိုင်   ရေးနှင့် ဖွံ့ ဖြိုးရေးပါတီကတော့ အခြေခံဥပဒေကိုအသစ်ရေးဆွဲပြီး ၂ဝဝ၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေ     ကို လုံးဝဖျက်သိမ်းလိုက်ပါက နိုင်ငံတော်နဲ့  နိုင်ငံသားတွေအတွက် အလွန်အန္တရာယ်များပြီး မမျှော်မှန်း နိုင်တဲ့ ကိစ္စရပ်တွေ ဖြစ်ပေါ်လာနိုင်တယ်လို့  အောက်တိုဘာ ၅ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။