Tuesday, October 15, 2013

ခေတ်နောက်ပြန်ဆွဲ၍ ခေတ်စားလာနေသော ချိန်ကိုက်ဗုံးပြဿနာ

 ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းတွင် ဗုံးပေါက်ကွဲမှုနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်း    အတွင်းရှိ အဓိက ကျမည့်နေရာများအားလုံးကို လုံခြုံရေးတင်းကျပ်စွာ ဆောင်ရွက်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဦးတင်ဝင်းက မဇ္ဈိမကို ပြောသည်။
အလုံ Westing Park 2 တွင် ချိန်ကိုက်ဗုံး တွေ့ ရန်ကုန်၊ အောက်တိုဘာ ၁၄ ယနေ့နေ့လည်က အလုံမြို့နယ်ရှိ Westing Park 2 တွင် ချိန်ကိုက်ဗုံးတစ်လုံးတွေ့ ရှိဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှသိရသည်။ ချိန်ကိုက်ဗုံးကို စနစ်တံဖြုတ်လိုက်ပါပြီ။အန္တရယ်မရှိတော့ပါဘူးဟု အလုံမြို့နယ် တာဝန်ရှိဒုရဲမှူးတစ်ဦးကပြောသည်။                                                                        အေးချမ်းမွန်
မန္တလေး ကျုံးအနောက်ဖက်၁၆ လမ်း နှင့် လမ်း ၈၀ ထောင့် ရွှေဘဲစားသောက်ဆိုင်နားတွင် မသင်္ကာ ဖွယ်ရာအထုပ်တစ်ထုပ်တွေ့ရှိ သဖြင့် လုံခြုံရေးများဖြင့် ရှင်းလင်းနေပြီး လမ်းခတ္တပိတ်ထားရပါသည်။
မြန်မာပြည်သား
ခုတလော ချိန်ကိုက်ဗုံးများခေတ်စားလာသည်။ ရခိုင်တွင် ဘာသာရေးနှင့် လူမျိုးရေး ပြဿနာများဖြစ် ပွားခဲ့ပြီး မိထ္ထိလာ ပြည် စသည့်နေရာများအထိကူးဆက်ကာအထိကရုံးများဖြစ်ပွားခဲ့သည်။လက်ပံတောင်း   တောင်မြေယာ ကိစ္စများ၊ အခြေခံဥပဒေကိစ္စ၊အလုပ်သမားအရေးကိစ္စများ၊အပစ်အခတ်ရပ်စဲရေး ကိစ္စများဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပြီး အခုတလောခတ်စားလာတာက ချိန်ကိုက်ဗုံးပြဿနာဘဲဖြစ်        ပါတယ်။ တချိန်က လက်နက်ကိုင်များကို အကြောင်းပြကာ ဗုံးဖေါက်ကွဲမှုများဖြင့် အရေးယူဖမ်းဆီးမှုများပြု လုပ်ခဲ့ပြီး နောက်ပိုင်းတွင် တော်လှန်ရေးအဖွဲ့ အစည်းများအား ဖေါက်ကွဲမှုများပြုလုပ်သည်ဟု စွပ်ဆွဲကာ မတရားအသင်းအဖြစ်သတ်မှတ်ခဲ့ဘူးသည်။ ယနေ့ အချိန်အထိ မတရားအသင်းကြေညာခံထားရသော အဖွဲ့ အစည်းများကို ပြန်လည်ရုတ်သိမ်းပေးခြင်းမရှိသေးပေ။အခုတဖန် ချိန်ကိုက်ဗုံးဖေါက်ခွဲသူများဟု အစိုးရမှ မတရားကြေညာပြီး ဆွတ်စွဲခံကြရအုံးမည်။ခေတ်နောက်ပြန်လည်ကာ လုပ်ကွက်များဖန်တီး၍ တိုင်းပြည်မငြိမ်မသက်ဖြစ်အောင် လုပ်ကြံနေကြပြန်သည်။ တရားခံဟာ မည်သူဖြစ်သည်ကို    ပြည်သူများကသိနေကြသည်။
 တိုင်းပြည်သည် ဒီမိုကရေစီပြုပြင်ရေးလမ်းကြောင်းကို လျှောက်လှမ်းနေရာ သမ္မတ ဦးသိန်းစိန်မှလည်း   ခေတ်နောက်ပြန်ဆွဲသူ နှောက်နှေးအောင်လုပ်သူများကို အရေးယူမည်ဟု ပြောဆိုထားသောလည်း   ပြဿနာများ ဆက်တိုက်ဆိုသလိုဖြစ်ပွားနေရခြင်းသည်  ဒီမိုကရေစီကိုမလိုလားသူ၊အာဏာရှင်သက် ဆိုးရှည်ရေးနှင့် ကရိုနီများဆက်လက်ရပ်တည်နိုင်ရေး စစ်တပ်မှလက်ရှိအခြေအနေများပေါ်တွင် တိတ် ဆိတ်နေပြီး ကြိုးဆွဲရာကနေသော ရုပ်သေးအစိုးရ၏ မင်္ကာဖွယ်လက်က္ခာများကို ပြည်သူများ သတိကြီး စွာဖြင့် စောင့်ကြည့်၍ သတင်းအချက်အလက်များကို စုဆောင်းကာ ထုတ်ဖေါ်ပြသဖို့ လိုအပ်ပေသည်။
အခြေခံဥပဒေပြင်ဆင်ရေးတွင် ပြည်သူအများစုမှ စိတ်ဝင်စားလာနေကြပြီး ဒီမိုကရေစီစံနှုန်းနှင့်မကိုက် ညီသော စစ်တပ်က တဘက်သတ်ရေးဆွဲခဲ့သည့် အာဏာရှင်သက်ဆိုးရှည်စေမည့် အခြေခံဥပဒေပြင်ဆင် ရန် ပြည်သူ့ အင်အားကောင်းလာနေချိန်တွင် ပြည်သူတွေစိတ်ဝင်စားမှုအားနည်းအောင် တိုင်းပြည်မငြိမ် မသက်ဖြစ်ကာ ထိပ်လန့် မှုများကို ဖန်တည်း၍ စားဝတ်နေရေး စိုးရိမ်စိတ်များဖြစ်ပေါ်အောင် ဖန်တည်းနေကြသည်ကို ပြည်သူများအနေဖြင့် အာဏာရှင်တို့ ၏ အတိတ်ကသမိုင်းကြောင်းဖြစ်ရပ်များနှင့် ချိန်ထိုး၍ သတိကြီးစွာထားကြဖို့ လိုအပ်ကြောင်း နှိုးဆော်လိုက်ရပါသည်။
မြသိန်း