Monday, September 9, 2013

ရွှေဝါရောင်တော်လှန်ရေး-၆-နှစ်ပြည့် အခမ်းအနား ကျင်းပမည်

 ၂၀၁၃-၉-၉
ရွှေဝါရောင်တော်လှန်ရေး-၆-နှစ်ပြည့် အခမ်းအနားကိုစက်တင်ဘာလ ၁၈ ရက်နေ့တွင် ကြည်မြင့်တိုင်မြို့နယ် သာဓုကျောင်းတိုက်၌ကျင်းပမည်။ ၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုသည် စစ်အစိုးရကြောင့် ပြည်သူများ စားဝတ်နေရေး ကြပ်တည်း လာသောအချိန်တွင် ပခုက္ကူ သံဃာတော်များက မေတ္တာပို့ သပြီး လမ်းလျှောက်ကာ ပြည်သူတွေရဲ့  အခက်အခဲ များကို ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်ခဲ့ရာ စစ်အစိုးရက သံဃာနှစ်ပါးကို ဓါတ်တိုင်မှာကြိုးဖြင့်ချီပြီး ရိုက်နှက်နှိပ်စက်ပြီး ဆန္ဒပြ သံကာများကို အဓမ္မ ဖြိုခွင့်းခဲ့သည်။ ရန်ကုန်မြို့  သံဃာတော်များနှင့်   ပြည်သူများအားလည်း စစ်တပ်မှ အကြမ်းဖက်ခဲ့မှုကြောင့် အသက်ပေးခဲ့ကြရသည်။စစ်အစိုးရ၏ အကြမ်းဖက်မှုများက အင်တာနက်စာမျာက်နှာတွင်  ပြန့် နှံသွားပြီး   မြန်မာနိုင်ငံအနှံအပြားတွင် သံဃာတော်များနှင့် ပြည်သူများက တောင်းဆိုဆန္ဒပြမှုများပြုလုပ်ခဲ့ကြသည်။

အာဏာရှင်စနစ်မှသည် ဒီမိုကရေစီစနစ်ဆီသို့ အကူးအပြောင်းတွင် တော်လှန်ရေးများကို မေ့ပျောက်   ဖျောက်ဖျက်လို့ မရပါဘူး။ သမိုင်ဝင် တော်လှန်ရေးနေ့ များတွင် ကျဆုံးသွားသော ရဟန်းရှင်    ကျောင်းသား ပြည်သူများကို မေ့ချန်ထား၍မဖြစ်နိုင်ပေ၊ဒီမိုကရေစီတော်လှန်ရေးသည်မည်မျှကြာမြင့်         မည်ကိုမည်သူမျှမသိနိုင်သောကြောင့်ပွင့်လင်းလာချိန်တွင်   နောက်လာနောက်သားများ အမှတ်တရ ရှိစေရန် ရည်ရွယ်၍ သမိုင်းဝင်အထိမ်းအမှတ်နေ့ များကို  လက်ဆင့်ကမ်းသောအနေဖြင့် လက်ရှိကြိုးပမ်းနေသူများမှ သမိုင်းသင်ခန်းစာယူနိုင်ဖို့  အနာဂတ်မျိုးဆက်သစ်များအတွက် အမှတ်တရထားရစ်ခဲ့ရလေမည်။
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးသည် လာမည့် ၂၀၁၃- ၉- ၂၆ ရက်နေ့ တွင်၆ နှစ်ပြည့်မည်ဖြစ်သော    ကြောင့် ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့ တွင်  သမိုင်းဝင် ရွှေဝါရောင်တော်လှန်ရေးနေ့  အထိမ်း          အမှတ် အခမ်းအနားများကို ကျင်းပရန် စီစဉ်နေသည်ဟု သိရှိရပါသည်။