တာဝန်ပေးခံရတဲ့သူတွေဟာ ကိုယ့်တာဝန်ကို အင်မတန်မှ
အလေးထားဖို့လိုပါတယ်။ တာဝန်ယူပြီဆိုကတည်းက ဒီတာဝန်ကို ကျေပွန်စွာ
ထမ်းဆောင်နိုင်ရမယ်။ အစကတည်းက စွမ်းဆောင်နိုင်တဲ့ အခြေအနေမရှိရင် အစကတည်းက ဒီတာဝန်ကို မယူရဘူး၊ ယူပြီဆိုမှဖြင့်တော့ ကျေရမယ်။ အစည်းအဝေးမှန်မှန်တက်ခြင်းဟာလည်း
တာဝန်တခုပဲ။ အစည်းအဝေး မှန်မှန်တက်တယ်ဆိုတယ်ကလည်း စည်းကမ်းပဲ။
ဒီအစည်းအဝေးတိုင်းမှာလည်း အမြဲပဲအရေးကြီးတဲ့ ကိစ္စတွေရှိချင်ရှိမယ်။
သို့သော်ငြားလည်း ကိုယ့်ရဲ့တာဝန်တခုအနေနဲ့ တက်ရမယ်။
အစည်းအဝေးမှန်မှန်တက်တဲ့ ဘယ်အဆင့်ပဲဖြစ်ဖြစ်၊ ဗဟိုအဆင့်ပဲဖြစ်ဖြစ်၊
မြို့နယ်အဆင့်ပဲဖြစ်ဖြစ်၊ ရပ်ကျေးအဆင့်ပဲဖြစ်ဖြစ် အစည်းအဝေးမှန်မှန်တက်တဲ့
အလုပ်အမှုဆောင်များဟာ ကိုယ့်တာဝန်သိတယ်လို့ ဒီလိုပဲကျွန်မက သတ်မှတ်ရမှာပါ။
အစည်းအဝေးမှန်မှန် မတက်ဘူးဆို
ကတည်းက ဒီလစ်ဟင်းချက်တခုရှိနေပြီလို့ ကျမယူရပါမယ်။ အစတုန်းကတော့၊ အရွေးမခံခင်တုန်း
ကတော့ တက်တက်ကြွကြွလုပ်ပြီးတော့ အခုအစည်းအဝေးမတက်တော့၊ နေရာယူထားတယ်ပဲ
ပြောရမှာပေါ့။ ဒါဟာ အဖွဲ့အစည်းပေါ်မှာ သစ္စာမဲ့ရာကျပါတယ်၊ တာဝန်ယူကြပါ၊ ကိုယ့်တာဝန်ကိုယ် သိကြပါ၊ ပါတီဝင်များအားလုံးကလည်း ဝိုင်းဝန်းပေးကြပါ၊ တာဝန်သိကြပါ ´
(ဥက္ကဌ- ဒေါ်အောင်ဆန်းစုကြည်)