၂၀၁၃-၉-၉
နယ်ချဲ့တို့အား ရဲရဲတောက် တော်လှန်ခဲ့သူကား ဆရာတော် ဦးဥတ္တမဖြစ်သည်။ဆရာတော်သည်
အမျိုးသားရေးစိတ်ဓါတ် တက်ကြွသူအဖြစ် နယ်ချဲ့ တော်လှန်ရေးသမိုင်းတွင် ထင်ရှားသော ဆရာတော်ဖြစ်သည်။
ရခိုင်အမျိုးသား ထေရ၀ါဒဗုဒ္ဓဘာသာ သံဃာတော်တပါး ဖြစ်ရုံသာမက အိန္ဒိယနိုင်ငံနှင့် ဂျပန်နိုင်ငံတွင် အချိန်အတော်ကြာ နေထိုင်ခဲ့ဖူးသော အင်္ဂလိပ်စာတတ် ရဟန်းတော်တပါးဖြစ်သည်။ ဆရာတော် ပျံလွန်တော်မူခဲ့သည်မှာ ယခုနှစ် ၂၀၁၃ ပြည့်နှစ် စက်တင်ဘာလ (၉) ရက်နေ့တွင် (၇၄) နှစ်ပြည့်ပြီဖြစ် သည်။မြန်မာ့ကွန်ဗင်းရှင်း စင်တာ MCC ခန်းမမှာ ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီးဌာနက ဦးဆောင်ပြုလုပ်သွားခဲ့ရာ