Tuesday, June 25, 2013

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မီဒီယာများနှင့်တွေ့ဆုံ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၁၁နာရီ ၃၀ ခန့်က နေပြည်တော်ပြည်သူလွတ်တော် အဆောက်အဦးတွင် မီဒီယာများနှင့်တွေ့ဆုံရာတွင် မီဒီယာများ၏မေး မြန်းမှုများကိုဖြေကြားကဲ့သည်။ ပို၍ကောင်းမွန်သောအသံဖိုင်ရရှိပါက ထပ်မံဖေါ်ပြသွားမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် မီဒီယာများနှင့်တွေ့ဆုံခဲ့သည်။
လူပြောများနေသော အမျိုးစောင့်ဥပဒေဆိုသည်တွင် ဘာသာရေးနှင့် ဥပဒေ ရောယှက်နေသည့် အတွက် ဘာသာရေးအပိုင်းတွင် ကျွမ်းကျင်သူ မဟုတ်၍ သုံးသပ် လိုခြင်းမရှိဟု ပြည်သူလွှတ်တော် တရားဥပဒေစိုးမိုးရေး ကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ကျင်းပသော ပဌမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ပထမနေ့ နေ့လည်ပိုင်းခေတ္တနားချိန်ဝယ် မီဒီယာများနှင့်တွေ့ဆုံစဉ်ပြောကြားသည်။