skip to main |
skip to sidebar
၂၀၁၃-၂-၅
ထိုင်းနိုင်ငံ ဘန်ကောက်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ
သံအမတ်ကြီး ဖြစ်သူ ကတ်ဂျာ ချာ.နော်ဒ်ဂတ်ဒ် သည် ရန်ကုန်မြို့ရှိ
နော်ဝေသံတမန်ရေးရာအခြေစိုက်ရုံးမှ
သံတမန်ရေးရာအရာရှိ အာနီ ယန် ဖလိုလို နှင့်အတူ ယနေ့ ဖေဖေါ်ဝါရီလ၊(၅)ရက်
နံနက်(၁၀း၃၀)နာရီက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် ၊(၁၆/၁)ရပ်ကွက်၊
သုမင်္ဂလာလမ်း၊ အမှတ်(၁၀၃၉/၁၀၄၀)ရှိ ၈၈မျိုးဆက်ကျောင်းသားများရုံးသို့ လာရောက်၍ ၈၈မျိုးဆက်ခေါင်းဆောင်များဖြစ်ကြသော ကိုကိုကြီး၊ ပြုံးချိုတို့နှင့် တစ်နာရီကျော်ကြာ တွေ့ဆုံခဲ့ကြသည်။ ၄င်းတို့တွေ့ဆုံရာတွင် ငြိမ်းချမ်းရေးဖော်ဆောင်မှုနှင့်
အရပ်ဖက်လူ့အဖွဲ့အစည်းများ ပိုမိုအားကောင်းရန် ၈၈မျိုးဆက်ကျောင်းသားများ၏
ဆောင်ရွက်နေမှုများ၊ အနာဂတ်ရည်မှန်းချက်နှင့် ပူပေါင်းလုပ်ဆောင်နေမှုများ၊
ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများ၊ ညှိနှိုင်းဆောင်ရွက်နိုင်မှုများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရန်
အခွင့်အလမ်းများကို ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။ ယင်းနောက်
၈၈မျိုးဆက်ကျောင်းသားများ၏ နော်ဝေနိုင်ငံသို့ သွားရောက်မည့်
ခရီးစဉ်အခြေအနေများကိုလည်း ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။