skip to main |
skip to sidebar
၂၀၁၃-၁-၂၂
ငြိမ်းချမ်းရေးအတွက် လိုင်ဇာထိလမ်းလျှောက်သော ကိုရန်နိုင်ထွန်းတို့  အဖွဲ့ ကို ရဲမွန်စခန်းတွင်
ခေါ်ယူထိန်းသိမ်းထားသည်ဟုကြားသိရသည်။
ငြိမ်းချမ်းရေး
လမ်းလျှောက်နေသူတွေကို ပဲခူးတိုင်း အထွေထွေ အုပ်ချုပ်ရေးမှူးနဲ့ ရဲမှူးတွေက
ပဲခူးတိုင်းအ၀င်မှာ ငြိမ်းချမ်းရေး အလံကို လွင့်ထူ လမ်းလျှောက်တာဟာ
ဥပဒေနဲ့ မညီတဲ့အတွက် တားမြစ်ခံခဲ့ရတာ ဖြစ်တယ်လို့ ဦးဆောင်ပါဝင်သူ
လူငယ်တဦးဖြစ်တဲ့ ကိုရန်နိုင်ထွန်းက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးအလံကိုလွင့်ထူ လမ်းလျှောက်တာဟာ ဥပဒေနဲ့  မညီဘူးလို့  အုပ်ချုပ်သူတွေက ဆိုလို့ ရှိရင် ငြိမ်းချမ်းရေးအလံကို ကိုင်ဆောင်ဖို့  ဥပဒေနဲ့ ထိမ်းချုပ်ထားတဲ့နိုင်ငံပေါ့၊ မြန်မာနိုင်ငံရဲ့ ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာ ငြိမ်းချမ်းရေးအလံကို ဥပဒေနဲ့ တားဆီးထားတယ် သဘောသက်ရောက်နေသည်။ International Peace Day (ကမ္ဘာ့ကုလသမဂ္ဂမှ ငြိမ်းရေးနေ့ )ကို မြန်မာနိုင်ငံမှာကျင်းပခဲ့တာဟာ အဓိပ္ပါယ် မရှိဖြစ်နေပြီပေါ့၊မြန်မာနိုင်ငံ အုပ်ချုပ်ရေးမှူးနဲ့ ရဲမှူးတွေက ငြိမ်းချမ်းရေးအလံတောင် ထောင်လို့ မရဘူးဆိုရင် သမ္မတ၏ ငြိမ်းချမ်းရေးလိုလားတယ်လို့  ပြောဆိုတဲ့စကားတွေဟာ လိမ်ညာပြောနေတဲ့သဘော သက်ရောက်နေပါတယ်။ငြိမ်းချမ်းရေးလက်မခံ တဲ့ သဘောပေါ့။
သမ္မတနဲ့  အုပ်ချုပ်ရေးပိုင်ဆိုင်ရာ ဌာနမျာက ကွာဟနေပြီး၊ ဆက်သွယ်မှုမရှိဘဲ ထင်သလို အုပ်ချုပ်နေသည်မှာ ထင်ရှားနေပြီး။ မနက် ၁၀ နာရီ ၄၀
လောက်မှာ အာဏာပိုင်တွေက လမ်းလျှောက် တဲ့ အထဲက ဦးဆောင်သူ တချို့ကို ခေါ်ယူ
ပြီး ငြိမ်းချမ်းရေး အလံလွင့်ထူပြီး လမ်းလျောက်ခြင်းမပြုဖို့
ဆွေးနွေးခဲ့ရာမှာ ၁၁ နာရီလောက်မှာ ပြေလည် မှုရရှိခဲ့တယ်လို့ ဆိုပါတယ်။