skip to main |
skip to sidebar
၂၀၀၈ ခုနှစ် နာဂစ် ဒဏ်ခံရသော
ဘိုကလေးမြို့ နယ် ကဒုံကနိတွင် နာဂစ်အလွန် ကျန်ရစ်ခဲ့သော
ခိုကိုးရာမဲ့
သက်ကြီးရွယ်အို ဘိုးဘွားများအတွက် "နာဂစ်ဆည်းဆာ ” ဘိုးဘွားရိပ်သာ
တခုကိုတည်ထောင်ရန် ၂၀. ၁. ၂၀၁၃ နေ့ က ကဒုံကနိသို့  ရွှေတွံတေးဆရာတော်
ကြွရောက်ပြီး မတည်လှူဒါန်းခဲ့သည်။ ကဒုံကနိသား ဦးအောင်မြင့်က မြေကွက် ၅
ဧကကို ရေစက်ချလှူဒါန်းပြီး (ပြည်သူ့ ဂုဏ်ရည်) ဒေါ်ရူကလည်း
စုပေါင်းအလှူငွေများပေးအပ်ခဲ့သည်။
ထိုင်းဘုရင့်သမီးတော် မဟာချက်ကရိ သီရိဒုံကလည်း ကဒုံကနိတွင်
ကျပ်ငွေ သိန်းလေးထောင်ခန့် ကုန်ကျခံပြီး သဘာဝဘေးဒဏ်ကာကွယ်ရန်
အဆောက်အဦးကြီး ၁ခုကိုဆောက်လုပ်လှူဒါန်းထား
သည်။ ရွှေတွံတေးဆရာတော်ကလည်း နာဂစ်ဒဏ်သင့်ပြည်သူများကို ဘတ်ငွေ ၁၀ သန်းကျော်ဖိုးနှင့် ကျပ်ငွေသိန်းပေါင်းတသောင်းတထောင်ဖိုးလှူဒါန်းနိုင်အောင်
ဆောင်ရွက်ခဲ့ပြီး ဆန်အလှူ - ဆေးအလှူ - စက်အလှူ - ကျွဲအလှူ နှင့်
အထွေထွေအလှူများ လှူဒါန်းခဲ့ဘူးသည်။ ရွှေတွံတေးဆရာတော်က” နာဂစ်ဆည်းဆာ” ဘိုးဘွားရိပ်သာ ဖြစ်မြောက်ရေးအတွက် ညီညီညွတ်ညွတ်စုပေါင်းပါဝင်ကြပါ တချို့ဘိုးဘွားရိပ်သာက နောက်ခံကောင်းတဲ့ ဘိုးဘွားတွေကိုပဲလက်ခံတာရှိတယ်။ ခိုကိုးရာမဲ့ဆိုလက်မခံကြဘူး အဲဒါမျိုး မဖြစ်စေချင်ဘူး - ဘိုးဘွားတွေကို တနေရာတည်းမှာစုပြီး စောင့်ရှောက်ပေးကြမှာဆိုတော့ပိုကောင်းပါတယ်
နောက်ပိုင်းအဆင်ပြေရင် လည်း နာဂစ်ဒဏ်သင့် ဧရာဝတီ တတိုင်းလုံးအတွက်
ဆောင်ရွက်ကြတာပေါ့ သီရိဒုံ လှူထားတဲ့ အဆောက်အဦးကိုလည်း
သဘာဝဘေးဒဏ်ကျရောက်တဲ့အခါ အရေးပေါ်သုံးကြတာပေါ့ အခုလည်း အလဟသ၁ မထားဘဲ
အကျိုးရှိရာတခုခု စီစဉ်ပြီးသုံးနေကြရင် ပိုကောင်းတာပေါ့ နယ်ခံတွေနဲ
့ အာဏာပိုင်တွေညှိပြီး အကျိုးရှိအောင် လုပ်ကြစေချင်တယ်......စသဖြင့်သြ၀ါဒပေးခဲ့သည်။BVJ