Ms. Debbie Stothard သည် ၁၉၉၆ခုနှစ်၊ မြန်မာနိုင်ငံသည် အာဆီယံအသင်းဝင်နိုင်ငံဖြစ်လာသော အခါ ဒီမိုကရေစီ လိုလားသူများစုပေါင်း၍ အာဆီယံ၏ ဆောင်ရွက်မှုများ အကျိုးသက်ရောက်စေရန် ရည်ရွယ်ပြီး Alternative ASEAN ကိုဖွဲ့စည်းကာ ခေါင်းဆောင်တစ်ယောက်အနေဖြင့် တက်တက် ကြွကြွ ပါဝင်လုပ်ဆောင်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံနေရစဉ် နောက်ဆုံးအကြိမ်
တွေ့ဆုံပြီးနောက် Debbie၊ Anelyn နှင့်Jeanne တို့သည် မြန်မာပြည်ဝင်ခွင့်
အပိတ်ခံရပြီးနောက် ယခု ပထမဆုံး အကြိမ်အဖြစ် ရန်ကုန် သို့ ရောက်ရှိ
လာခဲ့ခြင်း ဖြစ်သည်။
၂၀၁၄ခုနှစ်တွင် မြန်မာနိုင်ငံသည်
အာဆီယံအလှည့်ကျ ဥက္ကဌဖြစ် လာသောအခါ ကြုံတွေ့ရမည့် အခက်အခဲများနှင့်
၎င်းတို့၏ သဘောထားများအားညှိုနှိုင်းဆွေးနွေးရန်
ဒေါ်အောင်ဆန်းစုကြည်မှ ဖိတ်ကြားထားခြင်းဖြစ်သည်။
အမေရိကန်နှင့်တောင်ကိုရီးယား ခရီးစဉ်မှ ပြန်လည်ရောက်ရှိသော အခါ
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ ဆုံကြမည်ဟုမျှော်လင့်ရသည်။
Ms.
Debbie Stothardသည် ကချင်ပြည်နယ်၏ အခြေအနေများကို လေ့လာရန် ၂၂.၁.၂၀၁၃တွင်
ကချင်ပြည်နယ်သို့ ထွက်ခွါမည်ဖြစ်ကြောင်း နာယက ဦးတင်ဦးကို ပြောကြားခဲ့သည်။
Ms. Debbie Stothard သည် ဒေါ်အောင်ဆန်းစုကြည် နှင့်
ပြင်သစ်နိုင်ငံတွင် တွေ့ ဆုံခဲ့ပြီး။ Ms.Jeanne ကမူ အမေရိကန်နိုင်ငံတွင်
ဒေါ်အောင်ဆန်းစုကြည် နှင့်တွေ့ ဆုံခဲ့ခြင်းဖြစ်သည်။