Friday, December 14, 2012

ဒေါ်အောင်ဆန်းစုကြည်မိန့် ခွန်းပြောကြားမည့် စင်တွင်ပေါက်ကွဲမှု ဖြစ်ပွား

၂၀၁၂-၁၂-၁၄
မြိတ်ခရိုင်ကျွန်းစုမြို့ နယ်ကန်မော်ရွာရှိ၊ ဒေါ်အောင်ဆန်းစုကြည်မိန့် ခွန်းပြောကြားမည့် စင်အား သန့် ရှင်းရေးပြုလုပ်နေစဉ် ပေါက်ကွဲမူအသေးစားတစ်ခု ယနေ့ သုံးနာရီအချိန်တွင် ဖြစ်ပွားခဲ့သည်။

သန့် ရှင်းရေးပြုလုပ်နေသူများမှ ကန်မော်ကျေး၇ွာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အဖွဲ့ ဝင်သုံးဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။ တစ်ဦးမှာ အသက်ကြီးပိုင်းအမျိုးသမီးဖြစ်ပြီး ပေါင်တွင် အနည်း ငယ်ဒဏ်ရာရရှိခဲ့သည်။
ကျန်နှစ်ဦးမှာ လူငယ်များဖြစ်ကြပြီး မျက်နှာတွင်ဒဏ်ရာများရရှိခဲ့သည်ဟု မြိတ်မြို့ နယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ဝင်တစ်ဦးက သတင်းပို့ ခဲ့သည်။

ပေါက်ကွဲမူဖြစ်ပွားခဲ့သည့်နေရာတွင် တစ်တောင်ခန့် တွင်းတစ်ခုဖြစ်ပေါ်ခဲ့ပြီး၊ သတ္တူများ ခဲစများ   တွေ့ ရှိခဲ့ရသည်ဟု အဆိုပါအဖွဲ့ ဝင်ကပြောဆိုသည်။

ကန်မော်ပြည်သူ့ ဆေးရုံမှ သူနာပြုဆရာမတစ်ဦးက ပေါက်ကွဲမူကြောင့်ရရှိခဲ့သည့် ဒဏ်ရာဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပြီး။ ကန်မော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဘာဘူးကလည်း ပေါက်ကွဲမူဖြစ်ပွား ခဲ့သည်မှာ မှန်ကန်ကြောင်းအတည်ပြုပြောကြားခဲ့သည်။ ယခုအချိန်ထိ တာဝန်ရှိသူများ အခင်းဖြစ်ပွာရာသို့ သွားရောက်စစ်ဆေးခြင်းမရှိသေးပါ

ရေလမ်းခရီးဖြင့်သွားရခြင်းဖြစ်သဖြင့် နှောင့်နှေးနေတာဖြစ်နိုင်ကြောင်းမြိတ်မြို့ နယ် အဖွဲ့ ချုပ်လူငယ် တစ်ဦးက မှတ်ချက်ပေးခဲ့သည်။ တာဝန်ရှိသူများသည်။ ပြည်သူ့ ဆေးရုံသို့ ရောက်ရှိနေနိုင်ကြောင်း
လည်း ၄င်းက ဗဟိုကော်မရှင်ရုံးအဖွဲ့ သို့ တယ်လီဖုန်းဖြင့်ပြောကြားခဲ့သည်