Friday, December 14, 2012

မဲဆောက်မြို့တွင် ရွှေည၀ါဆရာတော် တရားပွဲကျင်းပ

ဒီဇင်ဘာလ ၁၄ရက်နေ့ နေ့လည် ၁နာရီခွဲတွင် မဲဆောက်မြို့ရှိ ကျောင်းကြီး ကျောင်းတိုက် တွင်   ရွှေည၀ါ ဆရာတော်အရှင်ပညာသီဟ ဓမ္မပူဇာပွဲကျင်းပခဲ့သည်။လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွင်းခံရစဉ်က ဒဏ်ရာ ရရှိခဲ့သောကိုယ်တော်များဆေးဝါး ကုသနိုင်ရန်အတွက် ထိုင်းနိုင်ငံတွင်း တရားပွဲများ လှည့်လည် ဟောပြောခြင်းဖြင့် ကုသိုလ်ပြုရန်ရွှေညဝါဆရာတော် က စီစဉ်ထားကြောင်းသိရသည်။