ရန်ကုန်၊ ဒီဇင်ဘာ(၁၄)
အစ္စရေးသံရုံးနှင့် မြန်မာနိုင်ငံရှိ ဂျူးလူမှုအဖွဲ့အစည်းတို့ ပူးပေါင်းကျင်းပသည့် ဟာနုက (Hanukkah) မီးထွန်းပွဲနှင့် အစ္စရေး-မြန်မာချစ်ကြည်ရေး ဓာတ်ပုံပြပွဲကို ဒီဇင်ဘာ (၁၃) ရက်နေ့ညက Park Royal ဟိုတယ်၌ ကျင်းပခဲ့သည်။ အဆိုပါပွဲသို့ သာသနာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးဝင်း၊အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးတင်ဦးနှင့် ပြည်တွင်းရှိ သံရုံးများမှ သံတမန်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။