၂၀၁၂-၁၂-၁၄
လက်ပံတောင်းတောင်စီမံကိန်း ရ
ကိုယ်တိုင်ကိုယ်ကျ ဒဏ်ရာရသံဃာတော်များသို့  လာရောက်တောင်းပန်ခြင်းမရှိဘဲ လုပ်ရိုးလုပ်စဉ်
အတိုင်း သံဃာ့နာယက ဆရာတော်ကြီးများအား တောင်းပန်ခြင်းသာပြုလုပ်ခဲ့ခြင်းသည် ဝှေ့ ပတ်၍
ရှောင်ရှားနေခြင်းသာဖြစ်ပြီး မိမိတို့ ရေးဆွဲထားသောအခြေခံဥပဒေအရ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ဖြေရှင်းရာတွင် ဥပဒေ၌ မီးလောင်ဗုံးများဖြင့် ဖြေရှင်းရမည်ဟု မပါရှိပါ။ထိုကြောင့် စေခိုင်းအမိန့် ပေး
သူတွင်တာဝန်ရှိသည်။ မည်သူကအမိန့် ပေးခဲ့သည်ကို ရှင်းလင်းစွာဖေါ်ထုတ်ပေးရမည်ဖြစ်ပြီး
ဒဏ်ရာကြီးမားအောင် အမိန့် နာခံ၍ ပြစ်ခွင်းတာဝန်ယူခဲ့သူတွင်လည်း တာဝန်ရှိသောကြောင့် အမှု
မှန်ပေါ်ပေါက်ရေးကို ကြိုးစားကြရမည်။ ထိုသို့ အကြမ်းဖက်ဖြိုခွင်းခဲ့မှုကို ဥပဒေကိုချိုးဖေါက်ခြင်းဖြစ်
ပြီး မတောင်းပန်ခြင်းသည် ဥပဒေအရ အကာအကွယ် ပေးထားသလော။ထိုကိစ္စကို အမြန်ဆုံး ဖြေရှင်းပေးပါက ဆန္ဒပြမှုများအေးချမ်းသွားမည်ဖြစ်သည်။ဤသို့ မပြုလုပ်ခြင်းကြောင့် ဆန္ဒပြနေ ရခြင်းဖြစ်သည်။ဒီမိုကရေစီတွင် တာဝန်ယူမှု၊တာဝန်သိမှု၊တာဝန်ကို မှန်မှန်ကန်ကန် ပြေလည်
အောင်ဖြေရှင်နိုင်မှုက တိုင်းပြည်အတွက် အဓိက အရေးကြီးသည်။
ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်း ကတော့ ဥပဒေ ချိုးဖောက်မှု ရှိတာတွေကို ဖော်ထုတ် အရေးယူ သွားမယ်၊ ခွင့်ပြုချက် တောင်းခံခြင်း မရှိတဲ့ ဆန္ဒပြမှု တွေနဲ့ 
ပတ်သက်လို့  အရေးယူဖို့  စိစစ် နေတယ်လို့  ပြောပါတယ်။