Friday, May 25, 2012

စားနပ်ရိက်ဏ္ခာထောက်ပံ့ရေးအတွက် ဂျပန် အစိုးရက မြန်မာကို ၁၀.၆ သန်းကူညီ


မြန်မာနိုင်ငံရှိ စားနပ်ရိက်ဏ္ခာ လိုအပ်နေသော ပြည်သူများကို ကူညီနိုင်ရန်အတွက် ဂျပန်အစိုးရက မြန်မာနိုင်ငံကို ကန်ဒေါ်လာ ၁၀.၆ သန်း ကူညီပေးသွားမည် ဖြစ်သည်။

အဆိုပါ အကူအညီကို  ဂျပန်အစိုးရ ကိုယ်စား JICA က WFP သို့ ယနေ့  နံနက် ၁ဝနာရီတွင်        ရန်ကုန်မြို့ အင်းလျားလိတ်ဟော်တယ်ရှိ ကမ်ဘာ့စားနပ် ရိက်ဏ္ခာ အစီအစဉ် (WFP) ရန်ကုန်ရုံးချုပ်၌    လှူဒါန်း ခဲ့သည်။ ယင်းအခမ်းအနားတွင်  JICA မှ အကြီးအကဲ မာဆာဟီကို  တာနကာ နှင့် WFP မှ ဒါရိုက်တာ ကားလို့ စ်ဗီလိုဆို တို့ သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။

ဂျပန်အစိုးရ  သည် မြန်မာနိုင်ငံကို ကူညီနိုင်ရေးအတွက် WFP သို့ ဒေါ်လာ ၂၂.၄ သန်း ကူညီခဲ့ပြီး ဖြစ်သည်။