၁၉၈၈ ခု သြဂုတ်လ “လူတုအရေးတော်ပုံကြီး”အတွင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ အရေးပေါ် ဌာနအဝင်ဝ အုတ်နံရံတိုင်ကြီးတခုမှာ ကာတွန်းပုံကြီးတပုံကပ်ထားပါတယ်။ တိရစ္ဆာန်ဆေးကု ဆရာဝန်ဆီ ခွေးပိုင်ရှင်တဦးက ခွေးခြေထောက်ကျိုးသွားတာလာပြေ
ဆရာဝန်။ ။ ဘာဖြစ်လို့
ခွေး ခြေကျိုးရတာပါလဲ။
ခွေးရှင်။ ။ ကြွက်ခုတ်လို့ပါဆရာ။
ဆရာဝန် ။ (ကရုဏာ ဒေါသောနဲ့) အော် ခွေးဟာ ခွေးအလုပ်
ခွေးမလုပ်တော့ ကျိုးတာတောင် နည်းသေးတယ်ဗျာ။
အခုလဲ သမ္မတအကြံပေးအဖွဲ့ခေါင်းဆောင်ဦး ကိုကိုလှိုင်ဟာ သမ္မတကိုအကြံပေးလုပ်နေတာပါလား၊
အကာ အကွယ်ပေးရေးလုပ်နေတာပါလား၊ သမ္မတနဲ့အစိုးရအတွက် ဖြန်ဖြေပေးရေး လုပ်နေတာပါလား၊ အစိုးရရဲ့
ပြောခွင့် ဆိုခွင့်အဖြစ်လုပ်နေတာပါလား။ မီဒီယာတွေကတဆင့် ဒီအလုပ်တွေလုပ်ခဲ့ပြီး ဘောင်တွေ
တာတွေ လွန်နေတာတော့ အတော်များနေပါပြီ။
သမ္မတအကြံပေးအဖွဲ့ဆိုတာ သမ္မတရဲ့ ပုဂ္ဂလိက အဖွဲ့တခုပဲဖြစ်ပါတယ်။ ဒါပေမင့်
ပြည်သူ့ဘဏ္ဍာငွေကိုတော့ ခံစားကြပါတယ်။ ဒီမိုကရေစီစံနစ်ကိုပြောင်းနေပြါ ပီဆိုတဲ့သမ္မတကို
အကြံပေးခေါင်းဆောင်တဦးအနေနဲ့ ဒီမိုက ရေစီရေးအမှန်တကယ်ပြောင်းလဲရေး အတွက် ထိရောက်တဲ့
အများပြည်သူအကျိုးရှိစေမဲ့လုပ် ငန်းတွေ ဖြစ် မြောက်ထွန်းကားရေးအတွက်ကို အဓိကအကြေံပေးရမှာဖြစ်ပါတယ်။
ဂျပန်နိုင်ငံရဲ့ ၃/၁၁ အရေးအခင်းမှာ လျှပ်စစ်တွေပြတ်တောက်သွားတာမှန် ပါတယ်။
ခြိုးခြံချွေတာရတာလဲမှန်ပါ တယ်။ ဂျပန်မှာ ခုလိုစွမ်းအင်အရေးအခင်း ဖြစ်လာတော့ အပိုသုံးလျှပ်စစ်တွေကို
အကုန်ချွေတာပစ်လိုက်တယ်။ အခြေခံလိုအပ်ချက်တွေအတွက်သုံး တာကိုပဲလုပ်ခဲ့ကြပါတယ်။ အားလုံးဟာ
တိုတောင်းတဲ့အချိန်အတွင်းမှာ ပုံမှန်အနေအထားကိုအမြန်ဆုံးပြန် ရခဲ့ပါတယ်။ ဒီလိုဖြစ်ရအောင်လဲ
အစိုးရက ဘဏ္ဍာငွေအများအပြားကို သုံးစွဲ ပေးခဲ့ပါတယ်။ လုပ်ကိုင်ပေးတဲ့ အာဏာပိုင်များဟာလဲ
တပြားတချပ်မှ အိတ်ထဲမထည့်ခဲ့ကြပါဘူး။ အကြံအဖန် တွေလဲမရှိခဲ့ပါဘူး။ ဂျပန်အစိုးရဟာ သူ့နိုင်ငံအတွင်း
မှီတင်းနေထိုင်ကြတဲ့ ဂျပန်နိုင်ငံသား၊ နိုင်ငံခြားသားရယ်လို့ ခွဲခြားမှုမရှိပါ။ တန်းတူအခွင့်အရေးပဲပေးပါတယ်။
အရေးကြီးတာက အစိုးရကလဲ ဥပဒေစိုးမိုးရေးကိုအလေးထား တယ်၊ နိုင်ငံတွင်းနေထိုင်ကြသူတွေကလဲ
ဥပဒေကိုလေးစားလိုက်နာကြပါတယ်။
မြန်မာနိုင်ငံမှာလဲ ပြည်သူ့ ဘဏ္ဍာတွေကို ပြည်သူတွေအတွက်ပဲအလေးထား
အဓိကထားသုံးမယ်ဆိုရင်၊
ပြည်ပကို ပြည်တွင်းမှာမဖူလုံပဲနဲ့ စွမ်းအင်ရောင်းချနေမှုတွေကို ထိန်းချုပ်မယ်ဆိုရင်၊
လျှပ်စစ်အလျှံပယ်သုံးနေတဲ့
နေပြည်တော်၊ ဗိုလ်ချုပ်ရွာ စတဲ့ အာဏာပိုင်တွေ၊ ခေတ်ပျက်သူဌေးကြီးတွေနေတဲ့ ရပ်ကွက်တွေ
မီးပေးမှုကို လျှော့ညှိပေးမယ်ဆိုရင်၊ ဒီလိုထိန်းချုပ် လျှော့ချပေးလိုက်ပြီး အများပြည်သူတွေကိုလဲ
နေ့စဉ်သုံးပမာဏလေးကို မျှဝေသုံးစွဲခွင့်ရလာမယ် ဆိုရင်
ဖြစ်ရပ်တူသယောင်ယောင်ဆင်ပေမင့် ပြဿနာကိုကိုင်တွယ်ဖြေရှင်းပုံ၊ လူထုအကျိုးကို
စေတနာထားမှု မှန်ကန် ပုံ၊ နိုင်ငံ့အပေါ်ထားရှိတဲ့ စိတ်ရင်းဆန္ဒမွန်မြတ်ပုံခြင်း မတူပါဘူး။
ဒါကြောင့် သမ္မတရဲ့အကြံပေးအဖွဲ့ ခေါင်း ဆောင်အနေနဲ့ သမ္မတကအစ ရပ်ကျေးအထိအုပ်ချုပ်သူတာဝန်ရှိ သူအားလုံး
ဥပဒေစိုးမိုးရေးကို အလေးထား လေးစားဆောင်ရွက်နိုင်ဘို့ အကြံပေးနိုင်ရန် အထူးဝါယမစိုက်သင့်ပါတယ်။
ယနေ့မြန်မာနိုင်ငံသားတွေဟာ ဥပဒေစိုးမိုးရေးကိုအလေးထားလေးစားနေလျက်ပါ။
ဒီမိုကရေစီစံနစ်ကိုလဲ သဘောပေါက်လက်ခံလာနေကြပါပြီ။ အခြေခံလူ့အခွင့်ရေးများ ရရှိခံစားရေးတွေကိုလဲ
နားလည်ကျင့်သုံးနေ ပါပြီ။ လွတ်လပ်စွာဆန္ဒဖော်ထုတ်နိုင်ခွင့်  ဥပဒေကိုလဲ ပြည်သူ့လွှတ်တော်က
အတည်ပြုပြဌာန်းပေးခဲ့ပါပြီ။ ပြဌာန်းပေးလိုက်ပြီဖြစ်လို့ ဒီဥပဒေဟာ သက်ဝင်ကိုးကားအသုံးပြုနိုင်နေပါ ပြီ။
ဒီဥပဒေအကျိုးသက်ရောက်မှုကို အထောက်အကူပြုစေမဲ့ လုပ်ထုံးလုပ်နည်းဥပဒေ ဆိုတာကလဲ ကျွဲကူးရေပါ
ဆိုသလို မရှေးမနှောင်း ထွက်ရှိနေ ရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံလူထုကတော့ ဒီဥပဒေကိုအလေးထားလေးစားလိုက်နာ လျက် မိမိတို့ရင်တွင်းခံစားမှုကို
ငြိမ်းအေးစွာ လွတ်လွတ်လပ်လပ်ဖော်ပြနေကြတာပါ။ လုပ်ထုံးလုပ်နည်းဥပဒေမရှိသေးတာေ ကြာင့်
လွတ်လပ်စွာဆန္ဒဖော် ထုတ်နိုင်ခွင့်မရှိသေးဘူး၊ ဥပဒေချိုးဖောက်တာဆိုပြီး ခြိမ်းခြောက်တားဆီး ဟန့်တားဖမ်းချုပ်တယ်ဆိုတာကမှ
ပြည်သူ့လွှတ်တော်ကအတည်ပြုပေးပြီး လို့ အသက်ဝင်နေတဲ့ဥပဒေကို ချိုးဖောက်တာဖြစ်ပါတယ်။ ပြည်သူတွေ
ရဲ့ရပိုင်ခွင့်တွေကို ချိုးဖောက်နေတာဖြစ်လို့ အဲဒိ ခြိမ်းခြောက်တားဆီးဟန့်တားဖမ်း ချုပ်နေတဲ့
အာဏာပိုင်တာဝန် ရှိသူတွေကိုသာ အရေးယူသင့်ပါကြောင်း၊ လုပ်ထုံးလုပ်နည်းဥပဒေကိုအချိန် နဲ့တပြေးညီ
ထွက်ပေါ်လာမှုမရှိ အောင် ပြုဆောင်နေတဲ့တာဝန်ရှိသူများကို သာ အရေးယူသင့်ပါကြောင်း သမ္မတကို
သူ့ရဲ့အကြံပေးအဖွဲ့ကနေ အကြံပေးသင့်ပါတယ်။
ပြည်သူအများစုမှာ အထွေထွေကျပ်တည်းမှုတွေနဲ့မွန်ြး ကပ်နေကြပါတယ်။ သေချာရေရာတဲ့
အာမခံချက်တွေနဲ့ အစိုးရနဲ့တာဝန်ရှိသူများက ကတိတည်တည် ဆောင်ရွက်ပေးကြဘို့ပဲရှိပါတယ်။
“အိမ်ကိုပြန်ပြီး ဖယောင်းတိုင် ထွန်းလို့ မီးလေးပိတ်ပြီးနေလိုက်ကြပါ အားလုံးအဆင်ပြေသွားပါလိမ့်မယ်”
ဆိုတဲ့ မရေရာ မသေချာတဲ့ ပေါ့ပျက် အနှစ်မပါတဲ့ စကားလုံးတွေနဲ့ “ရွှေပြည်အေး တရား”ကို
မဟောသင့်ပါဘူး။ အစိုးရကိုအကာအကွယ်မပေးသင့်ပါဘူး ။ ပြောရေးဆို ခွင့်ရှိသူတွေက ပြည်သူ့အကျိုးကိုဦးထိပ်ထားကာ
ပြည်သူတွေအကျိုးများမဲ့ ပကတိဆောင်ရွက်ချက်တွေကိုပြောကြားကြပါလိမ့်မယ်။
အော်…အင်း… အထက်ဖော်ပြပါ ရှစ်လေးလုံးလူထုအရေးတော်ပုံကာလက ကာတွန်းလေးကို
ပြန်စဉ်းစား ကြည့်မြင်မိပါတယ်။
မောင်မောင်လှကြိုင်
၂၀၁၂ မေ ၂၅