Thursday, March 29, 2012

ကမ္ဘာကိုမှတ်ကျောက်တင်ခံမယ့်ပွဲ


လွှတ်တော်ကိုယ်စားလှယ် ၄၈ နေ ရာအတွက် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲကို နိုင်ငံတကာ မီဒီယာများ၏ စိတ်ဝင်စားမှုအထူး မြင့်တက်နေသည်။ ဤအချက် ကို မြန်မာနိုင်ငံ၏ ရွေးကောက် ပွဲ
အကြို သတင်းများမှာ ကမ္ဘာ့ သတင်းများတွင် ဦးစားပေးဖော်ပြ ခံနေရခြင်းနှင့် နိုင်ငံတကာမှ သတင်းထောက်များက ပုံစံမျိုးစုံ ဖြင့်လာရောက်၍ ရွေးကောက်ပွဲ အကြိုသတင်းများရယူရန်ကြိုး ပမ်းမှုများက ထင်ရှားစေသည်။
"ဘာလို့ နိုင်ငံတကာမီဒီယာ က စိတ်ဝင်စားလဲဆိုရင် အချက် နှစ်ချက်ရှိပါတယ်။ တစ်အချက်ကတော့   ဒေါ်အောင်ဆန်းစုကြည် ၀င်ပြိုင်လို့ပေါ့။ သူမကို တစ်ကမ္ဘာ လုံးက ချစ်ခင်မြတ်နိုးပြီး လေးစား

အတုယူရတဲ့သူဖြစ်လို့ အားလုံးရဲ့ အာရုံက သူ့ဆီမှာ ရှိနေတယ်။ နောက်တစ်ချက်က ကြားဖြတ်ရွေး   ကောက်ပွဲက အစိုးရသစ်အတွက် စမ်းသပ်မှုတစ်ခုပဲ။ အစိုးရအသစ် က နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်း ချမ်းရေးဆွေးနွေးပွဲတွေ လုပ်နေတယ်။   ရွေးကောက်ပွဲက သေးပေမယ့် တရားမျှတလွတ်လပ်မလား ဆိုတာ ကြည့်ရမယ်။ 
တကယ်လို့ သာ ဒီစမ်းသပ်မှုအောင်မြင်ရင် ဥရောပက ပိတ်ဆို့မှုတွေ မြန်မြန် ဆန်ဆန် ရုပ်သိမ်းလိမ့် မယ်။ နောက်အမေရိကန်က ပိတ်ဆို့မှုတွေ ရုပ် သိမ်းလာလိမ့်မယ်။ ဒါကြောင့် ဒီ ရွေးကောက်ပွဲက အရမ်းအရေး ကြီးတယ်"ဟု တိုင်းမ်မဂ္ဂဇင်း ဆောင်းပါးရှင်နှင့် ရိုက်တာသတင်း ဌာန သတင်းထောက် အင်ဒရူး မာရှယ်က ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် လွတ်တော်ကိုယ်စားလှယ်နေရာ ပေါင်း ၁၁၅၉ အတွက် ပါတီများ၊ ကိုယ်စား လှယ်လောင်းများက အပြိုင်နွှဲခဲ့ကြသည်။ သို့သော် ကြားဖြတ်ရွေးကောက်ပွဲတွင်မူ ပြည်သူ့လွှတ်တော်

နေရာ ၄၀၊ အမျိုးသားလွှတ်တော် ၆ နေရာနှင့်တိုင်းဒေသကြီးလွှတ်တော် နှစ် နေရာ စုစုပေါင်း ၄၈
 နေ ရာသာရှိ သည်။ ထိုအထဲမှ ၃ နေရာ ရွှေ့ဆိုင်း၍ ၄၅ နေရာသာ ကျန်သည်။အမေရိကန်၊ ဥရောပ သမဂ္ဂအပါအ၀င် ဒီမိုကရေစီအရေး အထူးစိတ်ဝင်စားသော နိုင်ငံများ ကလည်း ဧပြီ ၁ ရက် ကြားဖြတ်
 ရွေးကောက်ပွဲကို စိတ်ဝင်တစား အနီးကပ်စောင့်ကြည့်နေသည်။
မြန်မာနိုင်ငံအပေါ် စီးပွား ရေးပိတ်ဆို့မှုများထားရှိသော ဥ ရောပသမဂ္ဂက ကြားဖြတ်ရွေး ကောက်ပွဲမှာ တရားမျှတလွတ် လပ်လျှင် ၎င်းင်းတို့၏ ပိတ်ဆို့အရေး ယူမှုများကို ပယ်ဖျက်ပေးရန် သေချာသလောက် ရှိနေသည်။ အလားတူ အမေရိကန်ကလည်း မြန်မာအစိုးရက ကြားဖြတ် ရွေကောက်ပွဲကို တရားမျှတ လွတ်လပ်စွာ ကျင်းပပေးနိုင်လျှင် ၎င်းတို့၏ ပိတ်ဆို့အရေးယူမှုများကို တစ်ဆင့်ချင်းဖြေလျှော့ရန် မီးစိမ်း   ပြထားသည်။
ဂျပန်အစိုးရကလည်း ၎င်းင်းတို့ မျှော်မှန်းသော အဖြေထွက်လျှင် မြန်မာနိုင်ငံသို့ ODA အကူအညီများ   ပြန်လည်ပေးမည်ဟု ဂျပန် အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောထားသည်။၎င်းင်းတို့ မျှော်မှန်းသော အဖြေမှာ တရားမျှတ လွတ် လပ်သော ကြားဖြတ်ရွေးကောက် ပွဲဖြစ်၏။ "ကြားဖြတ် ရွေးကောက်ပွဲက   

အဓိကပဲ တစ်ကမ္ဘာလုံးကလည်း စောင့်ကြည့်နေတယ်"ဟု ဂျပန်သံရုံးမှ တာဝန်ရှိသူတစ်ဦး ကပြော   သည်။ "၄၈ နေရာက နေရာနည်း သော်လည်း အရမ်းအရေးကြီးပါ တယ်။ 
အရေးကြီးတယ်ဆိုတာ ဒါကတိုင်းပြည်ရဲ့ ပုံရိပ်ပဲလေ။ ကျွန်တော်တို့ကိုယ်တိုင်က Free & Fair Election ဖြစ်ဖို့ ပြောနေတာ။ ကျွန်တော်လည်း တွေ့သမျှ နယ်ကပြည်ခိုင်ဖြိုးတွေကိုလွှတ်တော်ကိုယ် စားလှယ်တစ်ယောက် အနေနဲ့     Free & Fair Election ဖြစ်အောင်လုပ်ကြ၊ မဟုတ်တာ မလုပ်ကြနဲ့။   တွေ့တဲ့ပြည်ခိုင်ဖြိုးဝင်ရောက်  ယှဉ်ပြိုင်မယ့် လူတိုင်းကို ပြောနေတာ။ Free & Fair Election ဖြစ်ဖို့
က လိုကိုလို တယ်။ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာ အတွက်ပါ"ဟု ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးအေးမောက်က ကြားဖြတ်ရွေးကောက်ပွဲ အရေးကြီးပုံကို မှတ်ချက်ပေး သည်။ ဦးအေးမောက်မှာ ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင် စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ပုသိမ်မြို့ မြို့တော်ခန်းမတွင် မတ်လ ၂၄ ရက်က အမှာစကား   ပြောကြားရာ၌ ကြားဖြတ်ရွေး ကောက်ပွဲကို တရားမျှတလွတ် လပ်ရန် ဆောင်ရွက်ထားမှုများနှင့် ပတ်သက်၍လည်း ပြောကြားခဲ့ သည်။ ကြားဖြတ်ရွေးကောက်ပွဲကို ကော်မရှင်က လွတ်လပ်တရားမျှတ သန့်ရှင်းရန် အစွမ်းကုန် ဆောင်ရွက်နေပြီး၊ အစိုးရက လည်းမှတ်ကျောက်တင်ခံရန် နိုင်ငံတကာမှ   ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သူများကို ဖိတ်ခေါ်ထားသည်။အစိုးရသစ်လက်ထက်၌ပထမဆုံး ကျင်းပ မည့် ဤရွေးကောက်ပွဲကို တစ်ကမ္ဘာ လုံးက စိတ်ဝင်တစား စောင့်ကြည့် နေကြမည်ဖြစ်၍   နိုင်ငံတကာမှ စောင့်ကြည့်မည့် ကြားဖြတ်ရွေး ကောက်ပွဲ လွတ်လပ်တရားမျှတပြီး သန့်ရှင်းစင်ကြယ် ရန်အတွက် မိမိတို့နိုင်ငံသားအားလုံးက ပံ့ပိုး ကူညီ ရန်လိုကြောင်းလည်း သမ္မတက ထည့်သွင်း     ပြောကြားခဲ့သည်။
အစိုးရက ယခုတစ်ကြိမ်ရွေးကောက်ပွဲအတွက် နိုင်ငံတကာမှ လေ့လာစောင့်ကြည့်သူများကိုဖိတ်ခေါ် ထားသည်။ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က လည်း မဲစာရင်းကွာဟမှုများဖြစ် ပေါ်နေသော မဲဆန္ဒနယ်များတွင် နိုင်ငံရေးပါတီများနှင့်ပူးပေါင်း၍ မဲစာရင်းပြင်ဆင်ဖြည့် စွက်ပေးနေသည်။ထို့အပြင် 

ယခု   အကြိမ်တွင် ရွေးကောက်ပွဲဝင် မည့် နိုင်ငံရေးပါတီအများအ တွက် ကန့်သတ်ချုပ်ချယ်မှုများ မရှိသလောက် နည်းပါးခဲ့ကြောင်း နိုင်ငံရေးပါတီများမှ တာဝန်ရှိသူ များက ပြောသည်။ ထိုအခြေအနေ များမှာ ၂၀၁၀ ရွေးကောက်ပွဲတွင် မကြုံခဲ့ရပေ။
သို့သော် ရွေးကောက်ပွဲ အကြိုကာလတွင်ကြုံတွေ့ရသော အဖြစ်အပျက်အချို့ကြောင့် နိုင်ငံရေးပါတီ

များ ပူပန်နေသောအချက်များလည်းရှိနေသည်။ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် မဲဆန္ဒနယ်များ    တွင် ပါဝင်သောဒေသအချို့၌ ယခု ရက်ပိုင်းအတွင်း အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်   လောင်းများနှင့်ပတ်သက်၍ ပုဂ္ဂိုလ်ရေးအပုပ်ချသော လက်ကမ်းစာစောင်နှင့် စာအုပ်ငယ်များ ပျံ့နှံ့   နေသည်။ မည်သူက စတင် ဖြန့်ချိသည်မသိရသော်လည်း Myanmar Express အွန်လိုင်းစာမျက်နှာ
ပေါ်မှ ကိုယ်စားလှယ် လောင်းတစ်ဦးကို လူမှုရေးဖောက် ပြန်သည်ဟု စွပ်စွဲချက်ဖြင့် ပုတ် ခတ်ဝေဖန် သည့်စာများကို ကူးယူ၍ မြို့နယ်အချို့၌ ဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။
မတ်လလယ်တွင် နေပြည် တော်သို့ စည်းရုံးရေးဆင်းသော ဒီချုပ်ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့မှ အမျိုး  သမီး ငယ်တစ်ဦးမှာ လေးခွဖြင့် အပစ်ခံရ၍ ဦးခေါင်း၌ ဒဏ်ရာရရှိခဲ့သည်။ နွားထိုးကြီးမြို့နယ်တွင်       ပြည် ခိုင်ဖြိုးပါတီတာဝန်ရှိသူက အောင်နိုင်ရေးစည်းရုံးဟောပြောမှုတစ်ခု တွင် ဒေါ်အောင်ဆန်းစု  

  ကြည်ကို အဖွားကြီးဟူ၍လည်းကောင်း၊အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ထောင်ထွက်လူဆိုး  လူမိုက်အဖွဲ့ဟူ၍ လည်းကောင်း၊ဒီချုပ်လွှတ် တော်ကိုယ်စားလှယ်လောင်းအား နွားထိုးသားဟူ၍ လည်းကောင်း ပြောဆိုခဲ့သည်။ 
ထို့သို့ ဥပဒေနှင့် မညီ လုပ်ကိုင်မှုကြောင့် နွားထိုးကြီး မြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မြို့နယ်   ကော်မရှင်သို့ ကန့် ကွက်တိုင်ကြား၍ မြို့နယ်ပြည် ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူများ နောင်တွင် ဥပဒေ        နှင့် အညီဟော ပြောမည့်အကြောင်း ခံဝန်လက် မှတ်ရေးထိုးခဲ့ရ   ကြောင်း ယခုတစ် ပတ်ထုတ်       True News ဂျာနယ် တွင် ဖော်ပြထားသည်။ တိုက်ဆိုင်မှုမှာ မဲဆန္ဒနယ် အချို့တွင်ဖြစ်ပွားခဲ့သော ခြိမ်း ခြောက်မှုများ၊ ပုဂ္ဂိုလ်ရေးအပုပ်ချမှုများ စသည်တို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စား လှယ်နှင့် အဖွဲ့ဝင်များမှာ ပစ်မှတ်ဖြစ်နေသည်။
ပါတီများ၏ အဓိကပူပန်မှု များမှာလည်းမဲစာရင်းလွဲမှားမှု များနှင့် ထပ်တိုးမဲများဖြစ်သည်။ "ပြီးခဲ့တဲ့ သုံးလေးရက်မှာ ခရိုင် ကော်မရှင်က ကျွန်တော်တို့ကို ခေါ်တွေ့တယ်။ ပြီးခဲ့တဲ့ ရွေး ကောက်ပွဲမှာ  ကြိုတင်မဲ နာမည် ပျက်ခဲ့တယ်။ အခုကျတော့ ကြို တင်မဲမရှိတော့ဘူး။ ကြိုတင်မဲ မရှိပေမယ့်     နောက်တိုးမဲဆိုတာ တစ်ခုပေါ်နေတယ်။ ကော်မရှင် ကို နောက်တိုးမဲဆိုတဲ့ စာရင်းတွေ လာပေး  တယ်တဲ့။ မဲစာရင်းမှာ မပါတဲ့ နောက်တိုးမဲတွေကို ခွင့်ပြု ရမယ်လို့ပြောတယ်။ နောက်တိုးမဲ က ဘယ်လောက်တောင် ရှိလည်း ဆိုရင် ကျွန်တော်တို့ရဲ့ မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ်မှာဆိုရင် ၄၀၀၀ လောက်ရှိတယ်။ 

ရဲတွေရဲ့ နောက်တိုးမဲကလည်း တောင်ညွန့် မှာ ၉၀ လောက်ရှိတယ်။ ဒဂုံဆိပ်ကမ်းမှာလည်း   နောက်တိုးမဲက အရပ်သား ၁၀၀၀ လောက်၊ ရဲ တွေက ၁၁၀ လောက်ရှိတယ်။ ဆိုတော့ နောက်တိုး မဲတွေက အများ ကြီးပဲ"ဟုမင်္ဂလာ တောင်ညွန့်မြို့ နယ်မှဝင်ရောက်ယှဉ်ပြိုင်မည့် ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။ အမျိုးသားဒီမိုကရေစီ အင် အားစုပါတီခေါင်းဆောင်ဦးခင် မောင်ဆွေကလည်း မဲဆန္ဒနယ် တွင် ပါဝင်သော မြို့နယ်အချို့သို့ မဲဆန္ဒနယ်ပြင်ပအခြားမြို့နယ် များမှ လူဦးရေစာရင်းများ ပြောင်း လာခြင်းများရှိသည်ဟုဆိုသည်။ ထို့အပြင် ရွေးကောက်ပွဲအကြို ကာလ၌ သတင်းမီဒီယာများက ပါတီကြီးအချို့ကိုသာ ဦးစားပေး ဖော်ပြပြီး ဘက်လိုက်မှုများရှိနေ သည်ဟု ဦးခင်မောင်ဆွေက မှတ် ချက်ပြုသည်။
"သတင်းလွတ်လပ်ခွင့်တွေ ကို ပြောနေပြီးတော့မှ သူတို့ကိုယ်တိုင်က ပြည်သူတွေကို သတင်းလွတ်

လပ် ခွင့် ပိတ်ပင်တဲ့အနေနဲ့ ပါတီကြီး အချို့ကိုပဲ စန်းတင်ပြီး တော့ ကျန်တဲ့ပါတီတွေကို ချန်ထားတာ မျိုးရှိတယ်။ အဲဒီလို ပုံစံမျိုးမဖြစ်အောင်လည်း စောင့်စည်းဖို့လိုတယ်လို့ ပြောချင်ပါတယ်"ဟု ဦးခင်   မောင်ဆွေကပြောသည်။၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုကိုကြီးက
လည်း ကြားဖြတ်ရွေး ကောက်ပွဲတွင် တရားမျှတလွတ် လပ်မှုမှာရလဒ်ထက်အရေးကြီး ကြောင်း မှတ်ချက်ပေးသည်။
"ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် ၄၈ နေရာဆိုတာ မပြောပလောက်ပေမယ်လို့ ဒေါ်အောင်ဆန်း စုကြည်ပါဝင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ၀င်ရောက်ယှဉ်ပြိုင်တဲ့ အတွက် ထူးခြားတဲ့ 

ရွေးကောက် ပွဲဖြစ်ပါတယ်။ နိုင်တဲ့မဲအရေအတွက်ထက် ပိုအရေးကြီးတာက ကျွန်တော်တို့နိုင်ငံဟာ ဒီမိုကရေစီ အုတ်မြစ်ချဖို့အတွက် သမ္မတ ကြီးရဲ့ မိန့်ခွန်းထဲမှာလည်း ပါဝင်တဲ့ အားလုံးပါဝင်နိုင်တဲ့ 
 နိုင်ငံရေးဖြစ်စဉ်အဲဒါကို စပြီးစမ်းသပ်မယ့် တာထွက်ခြေလှမ်းဖြစ်တယ်။အဲဒီခြေလှမ်းဟာ ဘယ်လောက်  ပွင့်လင်းမှု၊ ထင်သာမှုရှိသလဲ၊ ဘယ် လောက်တရားမျှတမှုရှိသလဲဆို တဲ့ ဒီမိုကရေစီအနှစ်သာရက   ရွေးကောက်ပွဲမှာ အောင်နိုင်တဲ့ မဲဆန္ဒနယ်အရေအတွက်ထက် ကိုအရေးကြီးပါတယ်"ဟု မတ်လ        ၂၃ ရက်တွင်ပြုလုပ်သော သတင်း စာရှင်းလင်းပွဲတွင်ပြောသည်။ ၈၈ မျိုးဆက် ကျောင်းသားခေါင်း   ဆောင်များမှာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရန် ကွန်ရက် ဖွဲ့စည်းထားသည်။
ရွေးကောက်ပွဲတရားမျှတ လွတ်လပ်လျှင် အထက်တွင် ဆိုခဲ့ သည့်အတိုင်း အမေရိက၊ ဥရောပ၊ ဂျပန်အပါအ၀င် ကမ္ဘာ့နိုင်ငံများမှ အကူအညီများစွာရမည်ဖြစ် သည်။ ထို့အပြင် အစိုးရအဓိက လိုလား   သော နိုင်ငံတကာအသိုင်း အ၀ိုင်း၏ အသိအမှတ်ပြုမှုကို ခံရမည်ဖြစ်ပြီး၊ နှစ်ပေါင်းများစွာ ခေတ်   နောက်ကျပြီး အထီးကျန် နေခဲ့ရသော နိုင်ငံမှာ ကမ္ဘာ့အလယ်တွင် ခေါင်းမော့ရင်ကော့နိုင် မည်ဖြစ်   ကြောင်း နိုင်ငံရေးလေ့ လာသူများကပြောသည်။
တပ်မတော်အုပ်ချုပ်မှုမှ ဒီမိုကရေစီနိုင်ငံသို့ ကူးပြောင်းနေသော ခြေလှမ်းများမှာလည်း နိုင်ငံတကာ၏ အားပေးထောက်ခံမှုများနှင့်အတူ ပိုမိုခရီးရောက်လာ မည်ဖြစ်သည်။ထိုသို့မဟုတ်ဘဲကြားဖြတ်   ရွေးကောက်ပွဲမှာ တရားမျှတ လွတ်လပ်မှုမရှိခဲ့လျှင်မူ...."လွှတ်တော်နိုင်ငံရေးတည် တံ့နေသမျှကာ လပတ်လုံးက တော့ နောက်ကြောင်းပြန်လှည့်ဖို့ တော့ ခက်တယ်ဗျ။ သို့သော်လည်းပဲ ရှေ့တိုးဖို့လည်း မလွယ်ဘူးဗျ။ ဘာကြောင့်လည်းဆိုတော့ ကြား ဖြတ်ရွေးကောက်ပွဲ မအောင်မြင်ဘူး၊ တရားမျှတမှု မရှိဘူးဆိုရင်နိုင်ငံတကာပိတ်ဆို့မှုတွေဆက်ရှိ ပြီး၊ အကူအညီပေးတာတွေကော ရပ်သွားမှာပဲလေ။ 

အဲတော့ ဒုံရင်း ဒုံရင်းပြန်ဆိုက်မယ်"ဟု ဦးခင် မောင်ဆွေက ပြောသည်။ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စား လှယ်တစ်ဦးဖြစ်သော ဦးအေးမောက်ကလည်းကြားဖြတ်ရွေး ကောက်ပွဲတွင် မည်သည့်ပါတီက နိုင်၍ မည်သည့်ပါတီက ရှုံးသည်ဆိုခြင်းထက် တရားမျှတလွတ်လပ်သော ရွေးကောက်ပွဲဖြစ်ရန်မှာ အရေး ကြီးကြောင်း နိုင်ငံရေး လေ့လာသူများ၏အဆိုကို ထောက်ခံပြောကြားသည်။
"အဲဒီလိုပြောတာ အရမ်းမှန်ပါတယ်။ ထောက်လည်း ထောက်ခံတယ်။ အဲဒီအတိုင်း (တရားမျှတလွတ် လပ်သောရွေးကောက်ပွဲဖြစ်ရန်) လည်းဖြစ် စေချင်တယ်။ ဖြစ်အောင်လည်းပဲ ကျွန်တော်တို့ ပါတီ အဖွဲ့ဝင်တွေနဲ့ တွေ့တိုင်း တွေ့တိုင်း၊ သွားတိုင်း Fair (တရားမျှတ)ဖြစ်အောင်လုပ်ကြ။ အနိုင်နဲ့အရှုံး

က အဓိကမဟုတ်ဘူး။ ခင်ဗျားတို့ တကယ် Fair ဖြစ်တယ်။ ခင်ဗျားတို့ရဲ့ စာရိတ္တမဏ္ဍိုင်မှန်ကန်တယ်
ဆိုတာ အဓိကပဲဆိုတာ ရှင်းပြပါတယ်။ တော်တော်များများနားလည်ကြပါတယ်"ဟု ဦးအေးမောက်က 
သူ၏ အတွေ့အကြုံကို ပြောသည်။