Saturday, October 29, 2011

အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး မာတီ အမ် နာတာလီဂါဝါ (Marty M Natalegawa)မြန်မာနိုင်ငံ ရောက်ရှိ

၂၉-၁၀-၂၀၁၁
အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး မာတီ အမ် နာတာလီဂါဝါ (Marty M Natalegawa)
သည် မြန်မာနိုင်ငံသို့သောကြာနေ့တွင် ရောက်ရှိလာသည်။မြန်မာနိုင်ငံကို အရှေ့တောင် 
အာရှ နိုင်ငံများအသင်း ဥက္ကဋ္ဌရာထူးပေးရေးအတွက် လေ့လာရန်မြန်မာနိုင်ငံသို့  ရောက်
ရှိနေပါသည်။
အင်ဒိုနီးရှားနိုင်ငံသည် လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်နေ
ခြင်းကြောင့် သူ၏ လေ့လာတွေ့ရှိမှု အပေါ် မူတည်ကာ မြန်မာနိုင်ငံကို ၂ဝ၁၄ ခုနှစ်တွင် 
အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ပေးရေးနှင့် ပတ်သက်ပြီးဆုံးဖြတ်ချက်တခုပေါ်ထွက်လာ 
လာနိုင်သည်။
မြန်မာနိုင်ငံ၏ ဦးသိန်းစိန်အစိုးရသစ်တက်လာပြီး လွှတ်ငြိမ်းချမ်းသားခွင့် ၂ ကြိမ်လွှတ်ပေး
ခဲ့သောလည်း နိုင်ငံရေးအကျဉ်း ၂၀၀ ကျော်သာလွှတ်ပေးခဲ့သည်။ နိုင်ငံရေးအကျဉ်းသား
၂၀၀၀ ကျော်ထဲမှ အနည်းငယ်သာလွှတ်ပေးသည့် သဘောသက်ရောက်နေပြီး ၈၈ မျိုးဆက်
ကျောင်းသားခေါင်းဆောင်များနှင့် တိုင်းရင်းသားခေါင်းဆောင်များ ထင်ရှားသည့် ပုဂ္ဂိုလ်များ
လွှတ်ပေးခြင်းမရှိသည့်အပေါ် သံသယရှိနေကြပါသည်။ 

သမတ အကြံပေး ဦးကိုကိုလှိုင်မှ နောက်ထပ်လွှတ်ပေးရန်အလားအလာ ရှိသည်ဟု ပြောဆို
ထားသောလည်း ယနေ့ အချိန်အထိ မသေချာမရေရာဖြစ်နေပြီး တံဆာခံလုပ်ထားသောအနေ
အထားများအပေါ် ပြည်သူများမကျေနပ်ကြပေ။အစိုးရသစ်က နိုင်ငံရေးအမြတ်ထုတ်လိုသည့်
သဘောများသက်ရောက်နေပြီး အာဆီယံဥက္ကဌနှင့်စီးပွားရေးပိတ်ဆို့ မှုများကို ဖွင့်ပေးရန်
တောင်းဆိုနေသည်။

အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး မာတီ အမ် နာတာလီဂါဝါ (Marty M Natalegawa)အာဆီ
ဥက္ကဌ လေ့လာရေးရောက်ရှိနေချိန်တွင် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေးနှင့် ထောင်
ဝင်စာပိတ်ပင်မှု အကျဉ်သားအခွင့်အရေးများ လူ့ အခွင့်အရေးများ တောင်းဆိုသင့်သည်။