Sunday, October 30, 2011

တို့ ကျို မြန်မာသံရုံးရှေ့  အမျိုးသားပြန်လည်ရင်ကြားစေ့ နိုင်ရေးအတွက်
တောင်းဆိုဆန္ဒပြပွဲ

၃၀-၁၀-၂၀၁၁     ဓါတ်ပုံ  အာလူးလေး
မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေး ကြပ်တည်းနေသောအခြေအနေမှအမြန်ဆုံး လွှတ်မြောက်
ရန် အတွက်တွေ့ဆုံဆွေးနွေးရေးသည်မဖြစ်မနေ အမြန်ဆုံးလိုအပ်နေပါသည်။အမျိုးသားခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့သည် ဒီပဲယင်းအရေး အခင်းဖြစ်ရပ်မှန်
ဖေါ်ထုတ်ပေးရန်နှင့် နိုင်ငံအတွက်အရေးတကြီးလိုအပ်နေသော တွေ့ဆုံဆွေးနွေးမှုအမြန်ဆုံးပေါ် 
ပေါက်စေရေးအတွက် လက်ရှိစစ်အစိုးရကို အစဉ်တစိုက်တောင်းဆိုနေခဲ့ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲနှင့်ဂျပန်ရောက်မြန်မာ့ဒီမိုကရေစီ 

အင်အားစုများမှလည်း လစဉ်(၃၀)ရက်နေ့တိုင်းကျင်းပနေကြ  မြန်မာသံရုံးရှေ့ တွင် ဒီပဲယင်း နိုင်ငံ
တော်လုပ်ကြံမှု  လ(၁၀၁)ပြည့် ၀မ်းနည်းခြင်းနှင့်အမျိုးသားပြန်လည်ရင်ကြားစေ့နိုင်ရေးအတွက်
တောင်း ဆိုဆန္ဒပြခဲ့ကြပါသည်။
ဆန္ဒပြပွဲအခမ်းအနားကို နေ့လည် ၃နာရီမှ ၄နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။.