Thursday, September 8, 2011

ရန်ကုန်ဆေးရုံကြီးမှာ မီးလောင်မှုဖြစ်ပွား

 ယနေ့ ၃နာရီခွဲခန့်က ရန်ကုန်ဆေးရုံကြီးရှိအရေးပေါ်ဆောင်ဘေးရှိလျှပ်စစ်ထိမ်းချုပ်ခန်းအတွင်းတွင် ၀ါယာရှော့ဖြစ်ပွားပြီး ၀ါယာကြိုးသုံးပေခန့်မီးလောင်ကြောင်း မီးသတ်တစ်ဦးကပြောသည်။
မီးစက်ကနေ့ဝါယာရှော့ဖြစ်ပြီး မီးခိုးတွေထွက်လာတာကနေ မီးလောင်တာဖြစ်ပါတယ်။ ၁၀မိနစ်ခန့်လောက်ပဲ ကြာပါတယ်ဟု ဆေးရုံရှိမျက်မြင်တွေ့ရသူ လူနာဆောင့်တစ်ဦးကဆိုသည်။ ယင်းသို့ ၀ါယာရှော့ဖြစ်ကာ မီးလောင်းမှုကြောင့် ဆေးရုံအတွင်းရှိ လူနာများ အထိတ်တလန့်ဖြစ်ခဲ့ကြောင်း ယင်းလူနာစောင့်ပြောသည်။