Thursday, September 8, 2011

စစ်အစိုးရ၏ သတင်းစာ လုပ်ကြံပြောဆိုမူတာ
ဖြစ်တယ်လို့  ကေအိုင်အေက ပြောဆို

သတင်း ဇော်ရှန်
၀၇ . ၀၉ .၂၀၁၁
ကချင်တပ်မတော့်  KIA KIO အဖွဲ့အတွင်း ‘’’ ငြိမ်းချမ်းရေး နဲ့ ပတ်သက်ပြီးအစည်းဝေးတခုမှာ သဘောထား 
ကွဲကာ ရုန်းရင်းဆန်ခတ် ဖြစ်ရာကနေ ပစ်ခတ်မူ အထိဖြစ်ခဲ့တယ်လို့ အစိုးရပိုင် သတင်းစာတွင် ဖော်ပြထား ချက်ကို ကေအိုင်အေ အပေါ်မှာ ညီညွတ်ရေးပျိုကွဲးရန်အတွက် ရည်ရွယ်ချက် ကြီးကြီးမှားမှား ဖြင့် လုပ်ကြံ
ဖော်ပြခြင်းဖြစ်တယ်လို ကေအိုင်အေဌာနချုပ် မှ ပြောဆိုလိုက်သည်။သြဂုတ်လ ၁ ရက်နေမှာ ကေအိုင်အေ ဌာနချုပ် ရှိရာ လိုင်ဇာမြို့ တွင် ပြုလုပ်ခဲ့သည့် အစည်းဝေးတွင် သဘောထားကွဲလို့  ဖြစ်ခဲ့ရာကနေ ပစ်ခတ် မှုဖြစ်ပွားပြီး တဦးသေဆုံးကာ ခေါင်းဆောင်တဦး ဒါဏ်ရာ ရတယ်လို့ သြဂုတ်လ ၅ ရက်နေ အစိုးရထုတ် သတင်းစား အာဘော်မှာ ဖော်ပြထားသည်။

သြဂုတ်လ ၁ ရက်နေ့ က KIO ဌာနချုပ် လိုင်ဇာမှာ ကေအိုင်အေ ခေါင်းဆောင်များနဲ့  ကချင်လူထုကိုယ်စား လှယ်များ အစည်းအဝေးပြုလုပ်ခဲ့ကြသေးသည် ။ဒီလိုလုပ်တာ သူတိုမှာ ကေအိုင်အေကို ထိုးစစ်ဆင်လာဖို့  ကြီးကြီးမှားမှား ရည်ရွယ်ချက်နဲ့ အခုလိုလုပ်တာ ဖြစ်နိုင်တယ် ။ သူတိုလုပ်ကြံပြော ဆိုတာဖြစ်တယ် ။ ဒိကိစ္စ နဲ့ ပါတ်သက်ပြိးတော့ ကချင်လူထုကို ဒိုင်ခံဖြေရှင်း နေရတယ် ။သက်သက် အဖွဲ့ စည်းလုပ်ငန်းတွေ မလုပ် နိုင်ဖို့  သက်သက်အလုပ်ရူတ်အောင် လုပ်တာဘဲ ။ ဘာမှမဖြစ်ဘူး အမည်မဖော်လိုသူ ကေအိုင်အို ထိန်တန်း အရှိတဦးပြောသည် ။

မဟုတ်မမှန်သတင်း ကို အစိုးရပိုင် သတင်းစာမှာ ဆက်ပြီး ရေးတာဟာ အကြောင်း တခုခုတော့ ရှိနိုင် လိမ့်မယ်လို့ သူက ဆက်ပြောသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က ဗန်မော်မြို ၊ မြစ်ကြီးနားမြို့မှာ လူစည်းကား သည့်နေရာတွင် ‘’’ ကေအိုင်အေ အကွဲအပြဲဖြစ်ပြိး အစည်းဝေးမှာ ပစ်ခတ်မူတွေကြောင့် ဒုစစ်ဦးစိးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ဒါဏ်ရာရသွားတယ်လိုရေးပြီး လိုက်ကပ်ခဲ့သည်။

’’ ဒိလုပ်ရပ်ကတော့ ကျနော်တို ခေါင်းဆောင်ကို သက်သက်အပုတ်ချတဲ့လုပ်ရပ်ဘဲ။ ကချင်လူမျိုးတွေကို အထင်သေး စောကားတဲ့လုပ်ရပ်ဖြစ်တယ် ။သူတိုဘယ်လို ပြောပြော ကျနော်တို့ မယုံဘူး။ ကေအိုင်အေ
ကေအိုင်အို ဦးဆောင်မူ အောက်မှာဘဲ ကျနော် တိုရှိမှာပါ ‘’’…………. လိုင်ဇာမြို့ မှ ကေအိုင်အေ စစ်ဗိုလ် တဦးပြောသည် ။

KIO အကြောင်းနှင့် ဒုစစ်ဦးစီးချုပ် ဂွမ်မော် ၏ ကချင်ဘာသာဖြင့် ပြောထားသော မိန့်ခွန်း ဗီစီဒီခွေများကို သြဂုတ်လ ၂၈ ရက်နေ့က ကချင်လူထုအတွင်း ဖြန့်ဝေမှုပြုခဲ့ခြင်းကြောင့် အစိုးရက လက်တုံ့ပြန်ခြင်း
ဖြစ်မည်ဟု ကချင်ခေါင်းဆောင်များက ယူဆကြသည် ။
 ကျနော်တိုဒီလုပ်ကြံသတင်းကို ပြည်ပသတင်းဌာန wep ဆိုက်မှာ တွေတယ် ။ ဘယ်လိုမြင်လည်းဆိုရင် ကျနော်တို ပြည်ပကဘဲဖြစ်ဖြစ် ပြည်တွင်းကဘဲဖြစ်ဖြစ် ကချင်လူမျိုးအများပိုင်းက ကေအိုင်အေ ကိုယုံပြိး သာပါ ။ နှစ်ပေါင်းများစွာလည်းသူတို ဦးစီးမူ ၊ ယုံကြည်မူနဲ့  လိုက်ခဲ့တာဘဲ ။ ဒါက ကျနော်တို့ လူကြီးကို သက်သက်လုပ်ကြံတာပါ ။ မယုံပါဘူး ......... ပြည်ပရောက် ကချင်လူငယ် တဦးကအခုလို ပြောသည် ။
သုံးသပ်သူတွေကတော့ အစိုးရဘက်မှ ကချင်ပြည်နယ် အစိုးရနဲ့ ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ
တွေမှာ KIO ဘက်က ဦးဆောင်သူ ဗိုလ်မှူးချုပ်ကြီး ဂွမ်မော် ကို မကျေမလည် ဖြစ်နေတာကြောင့် 
စစ်အစိုးရ အဆက်ဆက်က အမြဲလုပ်လေ့လုပ်ထရှိတဲ့ ဖြစ်စဉ်လို့  ပြောဆိုသုံးသပ်ကြသည်။
အခုလို သူတိုလုပ်ကြံပြီးရေးခိုင်းသာ က မထူးဆန်းတော့ပါဘူး ။ ကျနော် လည်းကြုံခဲ့ဖူးတယ် ။ သူတို့ လုပ်ပုံ ဘယ်လောက် စိတ်ညစ်ဖိုကောင်းလဲဆိုရင် ပြေားပြမယ် ။... စစ်အစိုးရ ဒိဟာကိုရေး မနစ်ကပေါ့ နာမည် 
တော့မပြေားတော့ဘူး ..ဒီဟာကိုဘဲထည့် ဘယ်နေရာမှာထည့်ပေးရမယ် ဘာညာပေါ့ အမိန့် ပေးတလိုလို
ခြိန်းခြောက်တလိုလို လုပ်ခိုင်းတာ ခနခန ကြုံခဲ့ဖူးတယ် ။ အဆန်းတော့ မဟုတ်ဘူးဆိုတာ လူထုတွေ သိပါတယ် ။ သူတို့ ကို လူထုက ယုံကြည်မူ လုံးဝမရှိတော့ဘူးလေး ။ ကြည့်ရတာ အစိုးရသစ်လေး မီးဒီယာ ဘယ်လောက်အထိ အခွင့်အရေးပေးမယ်ဆိုတော့ စောင့်ကြည့်ကြတာပေါ့ ။ အစိုးရပိုင် သတင်းမှာပေါ့ လုပ်ကြံသတင်းမျိုး သမိုင်းအမှား၊ ဒေါ်စု နဲ့  တွေ့ တဲ့သတင်း သတင်းစာမှာပေါ့ လုပ်ကြံမူ ၊ သူတို့ ဝါဒ အာဘော်သတင်းတွေကတော့ ဆက်ပြိးလုပ်နေမှာဘဲ ဒါလည်းသူတို အလုပ်တခုဘဲလေး ...........
ပြည်တွင်း ဂျာနယ်သတင်းအယ်ဒိတာ တဦးက အစိုးရအသစ်ကလည်း မီင်္ဒီယာ လွတ်လပ်ခွင့်မူနဲ့ လုပ်ကြံ မူတွေကတော့ ရှိအုံးမှာဘဲ လိုပြောဆို သုံးသပ်လိုက်သည် ။
ကချင်ပြည်နယ် အစိုးရနဲ့ ကေအိုင်အေတပ် ပြုလုပ်နေတဲ့ အပြစ်ခတ်ရပ်စဲးရေး ငြိမ်းချမ်းရေး ဆွေနွေနေချိန်
ဖြစ်ပေမဲ့ စက်တင်ဘာ ၆ ရက်၊ အင်္ဂါနေ့တွင် မွန်းလွဲ ၁ နာရီကျော်မှာ ကချင်ပြည်နယ် လိုင်ဇာ-ဗန်းမော်ကြား လွယ်မောက်ယန်ကျေးရွာအနီး မြန်မာအစိုးရစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား တိုက်ပွဲဖြစ်ရာ မြန်မာစစ်သား ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရတယ်လို ကေအိုင်အေ ဌာနချုပ်ကပြောပြ 
သည် ။

လက်ရှိ မြန်မာအစိုးရနှင့် KIO အကြား ဖြစ်ပွားနေသော တိုက်ပွဲကြောင့် မြစ်ကြီးနားတွင် စစ်ပြေးဒုက္ခသည်
ခြောက်ထောင်ကျော်၊ ဝိုင်းမော်တွင် ရှစ်ထောင်ခန့်နှင့် လိုင်ဇာမြို့တွင် နှစ်သောင်းကျော် ရှိသည်ဟု KIO နှင့်
ဒေသခံများက ပြောသည်။