Thursday, September 8, 2011

သမတကြီး ဦးသိန်းစိန်ထက် စာပေစီစစ်ရေးကအရေးပါ

စာပေစိစစ်ရေးက ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံနှင့် အင်တာဗျူးကို အချပ်ပို မျက်နှာဖုံးတွင်ဖော်ပြ ခဲ့သောMessenger သတင်း ဂျာနယ်အား နောက်ဆက်တွဲ အပိုစာမျက်နှာ တင်ပြခွင့် ပိတ်ပင်လိုက် ပြီးပြည်တွင်းသတင်း ဂျာနယ်များအားလုံးတွင် ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူး ဖော်ပြခွင့် ပိတ်ပင်လိုက်ကြောင်း သတင်းရရှိသည်။
Messenger သတင်းဂျာနယ်သည် စက်တင်ဘာလ ၄ ရက်နေ့ကပထမဆုံးအကြိမ် ဒေါ်အောင်ဆန်းစုကြည်
၏ အင်တာဗျူးကို စိစစ်ဖြတ်တောက် ခံရပြီး ဖော်ပြခွင့် ရရှိခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံကို စာပေစိစစ်ရေးက ခွင့်ပြုသည်ထက် ပိုမိုပုံကြီးချဲ့ ဖော်ပြခဲ့သောကြောင့် စာပေစိစစ်ရေးက ၎င်းဂျာနယ်ကို အရေးယူခြင်းဖြစ်ကြောင်း ရန်ကုန် စာနယ်ဇင်း အသိုင်းအဝန်းမှသိရသည်။

ထိုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်၏ အင်တာဗျူးနှင့် ဆောင်းပါး ပြည်တွင်း သတင်းဂျာနယ် ၂ စောင်တွင်
ရှေ့ဆင့်နောက်ဆင့် ဖော်ပြခွင့် ရခဲ့သည့်အတွက် မြန်မာစာပေလောကသား အများစုက စာပေစိစစ်ရေးနှင့် လက်ရှိအစိုးရအပေါ် အကောင်းမြင်ခဲ့ကြသည်။

သတင်းလွတ်လပ်ခွင့်နဲ့ ပါတ်သက်ပြီး နိုင်ငံတော်သမတကြီး ဦးသိန်းစိန်က ပြည်တွင်းပြည်ပ ပြည်သူများ၏ အသံများ ဝေဖန်မှုများကို လက်ခံမည်ဟု ပြောကြားခဲ့သောလည်း စာပေစီစစ်ရေးမှ ယခုလို “ဒေါ်အောင် ဆန်းစုကြည် ဓာတ်ပုံကို ပုံကြီးချဲ့တာရယ်၊ အချပ်ပို မျက်နှာဖုံးအဖြစ်လုပ်တယ်ဆိုတဲ့ ပြစ်ချက်ရယ်ကြောင့် အရေးယူခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

 ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းသည် ယမန်နေ့က ပြည်သူ့လွှတ်တော်တွင် တင်သွင်းသည့် မီဒီယာလွတ်လပ်ခွင့် ရရှိရေး အဆိုကို ဖြေကြားရာတွင် ဘုရားအလောင်း ဆန္ဒန်ဆင်မင်း ဇာတ်ထုပ်ကို အချိန်ကြာမြင့်စွာ ပြောဆို၍ မီဒီယာလွတ်လပ်ခွင့် မပေးနိုင်ကြောင်း သွယ်ဝိုက် ငြင်းဆိုသွားသည်ဟု သိရသည်။ခေတ်နောက်ပြန်သွားနေသော ပြန်ကြားရေးဝန်ကြီး၏ အတွေးအခေါ်များသည် ယနေ့ ခတ်နှင့်ကိုက်ညီမှုမရှိပေ။သတင်းစာထဲတွင်မူ မီဒီယာသမားများသည် လွတ်လပ်ခွင့်နှင့်အတူ လွတ်လွတ်လပ်လပ် ရေးသားနိုင်ခွင့် ရှိသကဲ့သို့ နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးကို မထိပါးစေရန် တာဝန်ယူရမည်ဖြစ်ကြောင်း လွတ်လပ်ခွင့်သည် ပြထမ်းဥပဒေများကို ချိုးဖေါက်ခြင်းမပြုရဆိုသည့်   ဥပဒေကိုအလေးမထားဘဲ လက်လွတ်စပါယ် ရှေးပဝေသဏီက ဇတ်ထုတ်ခင်းပြနေခြင်းသည် လွှတ်တော်တွင် အချိန်ကုန်ပြီး အကောင်အထည် မဖေါ်နိုင်ဖြစ်နေရသည်က အနိုင်ငံတကာနှင့်ဆာလျှင် အတွေးအခေါ်နိုမ့်ကျနေခြင်းကိုပြနေပြီး အရှက်ရစရာကောင်းပေသည်။ဒီမိုကရေစီ၏ အခြေခံသဘောဖြစ်သည့် လွတ်လပ်ခွင့်ဆိုသည့် အဓိပ္ပါယ်ကို နားလည်လွဲနေသည်ဟုမြင်ရသည်။

သမတ၏ ဆောင်ရွက်မှုတွေကို ဌာနဆိုင်ရာတွေက လက်တွေ့ မကျင့်သုံးတာလား နာခံမှုမရှိတာလားတော့
စုံစမ်းစစ်ဆေးဘို့ လိုအပ်နေပါတယ်။သမတ၏ အမိန့် ကိုတောင် ဌာနဆိုင်ရာကဖိဆန်နေခြင်းဟာ ကောင်း တဲ့လက္ခဏာတော့မဟုတ်ပါဘူး။အထက်အောက်လေးစားမှုမရှိဘူး ဆိုတဲ့သဘောသက်ရောက်နေပါတယ်။
ဓါတ်ပုံကြီးလိုက်၍ စာရွက်အချုပ်ပို မျက်နှာဖုံးထည့်လိုက်လို့ ဆိုရင် စာပေလွတ်လပ်ခွင့်ကိုပိတ်ပင်ထားရာ
ရောက်နေပါတယ်။ အသေးအဖွဲလေးတွေကို ချုပ်ချယ်နေခြင်းဟာ နိုင်ငံတကာနဲ့ ရှင်လျှင် သေးတိမ်ရာ
ရောက်နေပါတယ်။စာဖတ်သူပရိတ်သတ်တွေအနေနဲ့  ပြုပြင်ပြောင်းလဲလိုတဲ့အစိုးရ ဝေဖန်မှုခံယူမည့်အစိုး
ရတရပ်ဟာ ဒီလောက်တောင် သေးသိမ်နေမယ်ဆိုရင် အစိုးရသစ်ပြောတဲ့ ဖွင့်လင်းမြင်သာမှုဆိုတာ အလိမ် အညာချည်းပဲဖြစ်နေမှာပါ။ ရှေ့ နောက်မညီတဲ့ အစိုးရသစ် အထက်အောက်နာခံမှုမရှိတဲ့အစိုးရသစ်ကို
ပြည်သူများ ယုံကြည်မှုကင်းမဲ့နေမည်ဖြစ်ပါတယ်။