Friday, September 9, 2011

အိန္ဒိယ မြို့တော်တွင် ဗုံးပေါက်ကွဲပြီးနောက် ငလျင်လှုပ်ခတ်

သတင်း ဇော်ရှန်
၈ . ၉ .၂၀၁၁ အိန္ဒိယ၊ မြို့တော် နယူးဒေလီတွင် ဗုဒ္ဓဟူးနေ့ ည ၁၁ နာရီ ၃၀ မှာ ၄.၂ မဂ္ဂနီကျု့ အဆင့်ရှိငလျင်ပြင်တခု ရုတ်တစ်ရက်လှုပ်ခါခြင်းကြောင့် လူအများအပြား ၎င်းတို့၏ အိပ်ယာများမှ ထိတ်လန့်ချောက်ချားခဲ့ကြောင်း သိရသည်။
………ဟုတ်တယ် အကို မနေည ၁၁ ခွဲးလောက်မှာ ဖြစ်သွားတာ ။ အရန်းကြောက်သွားတာဘဲ ။ တညလုံး မအိပ်နိုင်ဘူး ။ ဘာဖြစ်လိုလည်းဆိုတော့ အခု ဒိလမှာ ဒေလီမြိုမှာ နေတိုင်းလိုလို လူစည်ကားတဲ့ နေရာမှာ ဗုံပေါက်တယ် ။ ကျနော်တို မြန်မာနိုင်ငံသားတွေ က ကြောက်ပြိး အပြင်တောင်မသွားကြဘူး …………….။ အန္ဒိယနိုင်ငံ နယူးဒေလီမြို မှာ ရောက်နေသည့် မြန်မာဒုက္ခသည် တဦးပြေားသည် ။

ငလျင်လှုပ်ခတ်မှုကြောင့် အပျက်အစီးနှင့် ထိခိုက် ဒဏ်ရာရ သေဆုံးသည့် သတင်းထုတ်ပြန်ချက် မရှိသေးပေ။ ညသန်းခေါင်တွင် စက္ကန့်ပိုင်းအကြာ လှုပ်ခတ်သွားပြီး အဆောက်အအုံးများ တုန်ခါသွားခဲ့သည်။
နယူးဒေလီမြိုတွင် မြန်မာဒုက္ခသည် တသောင်းကျော်နေထိုင်သည် ။

ဗုဒ္ဓဟူးနေ့မှာပင် ဒေလီ တရားရုံးချုပ်အပြင်ဖက်တွင် ဗုံးပေါက်ကွဲပြီးနောက် တရက်အတွင်း ငလျင်လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ ဗုံးပေါက်ကွဲမှုကြောင့် လူ ၁၁ ဦး သေဆုံးပြီး ၇၄ ဦးကျော် ဒဏ်ရာရခဲ့သည်။

အိန္ဒိယသတင်းဌါန သတင်းထုတ်ပြချက်မှာ ငလျင်ပြင်းအားမှာ ၆.၆ မဂ္ဂနီကျု့ရှိပြီး နယူးဒေလီ၏ မြို့ဆင်ခြေဖုံးများတွင်လည်း လှုတ်ခတ်ခဲ့သည်။