မိမိတို့တိုင်းပြည်မှာအရှည်လျှားဆုံးနဲ့ အထက်မှအောက်ထိ စီးဆင်းပြီး သွားလာရေးလုပ်ငန်းများ၊ အသက်သွေးကြောသဖွယ် မှီခိုအားထားကာ လူသန်းပေါင်းများစွာမှီခို နေရသောရာဇဝင်မြစ်ကြီး
ဧရာဝတီ ဟာ လူတစုရဲ့ အတင်းအားဓမ္မ ဆုံးဖြတ်ချက်နဲ့ တခြားသောတိုင်းပြည်မှ လာရောက်၍
ဧရာဝတီ ၏သွေးသားများကို စုပ်ယူ စားသုံးတော့မည်ဖြစ်ပါတယ်။ ထိုမှ ရလာသော အကျိုးအမြတ်
များဟာတိုင်းပြည်အတွက် ပြည်သူပြည်သားများအတွက် ဘာမှ အကျိုးအမြတ်ဖြစ်လာမည် မဟုတ်ပါ.။
ဧရာဝတီစီမံကိန်းရဲ့ရှေ့မှတိုင်းပြည်မှသံယံဇာတပေါင်းမြောက်များစွာထွက်ရှိခဲ့တာလည်းပြည်သူ လူထုအသိပါ။လူသတ်သမားနေဝင်းလက်ထက်တုန်း ကျောက်စိမ်းတုန်းကြီး၊တန်ချိန်ဘယ်လောက် ဆိုပြီး။ပြည်သူပိုင် သတင်းတွေ မှာကြေငြာခဲ့တယ်။ နောက် အခု သဘာဝဓါတ်ငွေ့ ရောင်းရငွေ ၊ပြည်သူတွေ အကျိုးအတွက် ပြန်မသုံးပါဘူး။စစ်လက်နက်တွေ၊ စစ်လေယာဉ် အဟောင်းတွေ ပြန်ဝယ်၊ တဲ့နေရာတွေမှာ သာသုံးပြီး၊ လူသိရှင်ကြားဘာမှ မကြေငြာခဲ့ပါဘူး။
တွင်းထွက်ကျောကမျက်ရတနာတွေ၊ အခြားရေထွက်ပစ္စည်းများကို နှစ်ရှည်စီမံကိန်းများနှင့် အိမ်နည်းချင်းတိုင်းပြည်များမှသင်္ဘောရာချီ ပြီးမြန်မာ့ရေပိုင်နက်မှာဝင်ရောက်ဖမ်းဆီးခွင့်တွေ လုပ်နေတာလည်းပြည်သူတွေ ဘာမှတိတိကျကျ သိခွင့်မရသလို၊ခံစားခွင့်တွေလည်းမ၇ပါဘူး။ မြန်မာပြည် အရှေ့ ခြမ်းတရုပ်နဲ့ ဆိုလျှင်လည်းအဖိုးတန် သစ်မာ၊ သစ်ကောင်းများကို အပင်လိုက်ခုတ်ရောင်းစားနေတာ လည်း စည်းမရှိကမ်းမရှိပါပဲ။
တခြားတိုင်းပြည်တွေမှာ မြန်မာပြည်လိုကျွန်း၊အင်၊ကညင်၊အစရှိသောသစ်မာများမှာအင်မတန် ရှားပါးလှပါတယ်။အဲလိုတိုင်းပြည်မှ ထွက်သော သယံဇာတပေါင်းစုံကို ရောင်းစားနေသ်ာလည်း တိုင်းပြည်လူထု အတွက်။အကျိုးရှိစေသော နေရာများတွင် ပြန်လည်အသုံးမချပါ။ယခု လည်း ဧရာဝတီ မြစ်ကြီးကို တရုပ်တိုင်းပြည်လက်ထဲ ကိုနှစ်ရှည်စာချုပ်နဲ့ ရောင်းစားလိုက်ပါပြီ။ ဧရာဝတီ ကိုစွန့်လွှတ်လိုက်ရပြီး ဧရာဝတီမှ ခံစားခွင့်များကိုလည်း မိမိတိုင်းပြည်မှ ပြည်သူများ ခံစားရမည်မဟုတ်ပါ။
စစ်အာဏာရှင်များ အလှည့်ပြောင်းပြီးတိုင်းပြည်ကို နည်းမျိုးစုံနှင့်အုပ်ချုပ်လာတာလည်း နှစ်ပေါင်း
၅၀ ပြည့်ပါပြီ တယောက်ပြောင်းတိုင်း တနည်းနည်းနဲ့ တိုင်းပြည်ပစ္စည်းများ ကိုယ်ကျိုးသုံးကာ
တိုင်းပြည်မှ တန်ဖိုးကြီးမားလှသောသယံဇာတ များဆုံးရှုံးကာ ပြည်သူများမှာ ပို၍သာငတ်မွတ်ခေါင်း
ပါလာကြောင်းတွေ့ရပါသည်.။
မာမာ
ပြည်သူ့အော်သံ