Saturday, September 17, 2011

တိုင်းပြည်ကို လက်ညိုးထိုးရောင်းစားသော ဗိုလ်ချုပ်များ


တရုတ် လျှပ်စစ်မြို့ တော်တည်ထောင်
တရုတ်လျှပ်စစ်မြို့ တော်ပုံစံ
လျှပ်စစ်စီမံကိန်းများအောင်မြင်သည့် အထိမ်းအမှတ်ပွဲတော်

ဧရာဝတီမြစ် တိမ်ကောလာခြင်းနှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက် နေခြင်းကြောင့် ဆည်စီမံကိန်းများ ရပ်ဆိုင်း ရန်အတွက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း သူများနှင့် ပညာရှင်များက တောင်းဆိုနေကြသည်။

မြစ်ဆုံစီမံကိန်းကို တရုတ်အစိုးရပိုင် လျှပ်စစ်စွမ်းအင် ကုမ္ပဏီကြီးဖြစ်သည့် တရုတ်စွမ်းအင် ရင်းနှီးမြှုပ်နှံရေး
ကော်ပိုရေးရှင်း CPI က ရင်းနှီးမြှုပ်နှံကာ ဦးဆောင်တည်ဆောက်နေပြီး၊ မြန်မာနိုင်ငံဘက်မှ အစိုးရပိုင်
မြန်မာ့ လျှပ်စစ်လုပ်ငန်း MEPE၊ ပုဂ္ဂလိက ကုမ္ပဏီဖြစ်သည့် စတီဗင်လောနှင့် မိသားစုပိုင် အေးရှားဝေါလ် ကုမ္ပဏီနှင့် ဖက်စပ်ဆောင်ရွက်နေခြင်း ဖြစ်သည်။

မြစ်ဆုံဆည် စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၃,၆ဝဝ ကုန်ကျစရိတ် ရှိမည်ဖြစ်ပြီး ထွက်ရှိသည့် လျှပ်စစ်ကိုလည်း တရုတ်နိုင်ငံသို့ ရောင်းချကာ တနှစ်လျှင် အမေရိကန်ဒေါ်လာ ၅၅၈ သန်းမှ ၅၉၇ သန်း အထိ ရှိနိုင်သည်ဟု လေ့လာသူများက ခန့်မှန်းထားကြသည်။ 

ရေအားလျှပ်စစ် မီဂါဝပ် ၃,၆ဝဝ ထုတ်လွှတ်ပေးနိုင်မည့် “မြစ်ဆုံ ရေကာတာ စီမံကိန်း” အရ မေခမြစ် အပိုင်းတွင် တာ ၅ ခု၊ မလိခမြစ်မှာ ၂ ခု ပိတ်ရမည် ဖြစ်သည်။
ယန်စီဟာ ကွန်မြူနစ်ပါတီရဲ့ တရုတ်ပြည်ကို စီးပွားရေးမြှင့်တင်လိုမှုလုပ်ရပ်ဖြစ်တဲ့ မီတာ ၂၅၀၀ကျော် ရှည်တဲ့ ရေကာတာကြီးကြောင့်၊အရှင်လတ်လတ် သွေးကြောဖောက်၊ သွေးစုတ်ခံနေရတယ်။ ယန်ဆီရေကာတာကြောင့် ခဏတာ အကျိုးအမြတ်ရခဲ့ပေမယ့် နောက်ပိုင်း ဒုက္ခလှလှတွေ့တဲ့ အခါမှာ ဘီလျှံပေါင်း ၂.၃ ဘီလျှံ ဆုံးရှုံးခဲ့တယ်။ လူပေါင်း လေးသန်းကျော်၊ ကျွဲနွားကောင်ရေ ၂သန်းနီးပါးနဲ့ လယ်မြေအေက ၉ သန်းကျော် ဒုက္ခအကြီးအကျယ် ရောက်ခဲ့ပါတယ်။ ယန်စီရေကာတာကြီးရဲ့ သက်တမ်း ဟာ အနှစ်တစ်ရာကနေ သုံးရာလို့ ခန့်မှန်းထားတယ်။ ယန်စီရေကာတာ သက်တမ်းကုန်ဆုံးသွားမယ့်နေ မှာ…  ယန်စီမြစ်ဟာလည်း တစ်ပါတည်း အစတေးခံရမှာ ဖြစ်ပါတယ်။ ဧရာဝတီလည်း ဒီအတိုင်းဘဲ တိမ်ကောသွားနိုင်ပါတယ်။တွေးကြည့်ရင် ရင်လေးစရာပါဘဲ။

မြန်မာနိုင်ငံမှာတော့ ဧရာဝတီမြစ်ကြီးကို အသေသတ်ပို့  နအဖ ဗိုလ်ချုပ်တွေက ငွေကိုအဓိကထားပြီး
တရုပ်နဲ့  လောစစ်ဟန်ရဲ့ သား စတီပင်လောလက်ထဲအပ်ပြီး အမြတ်ထုတ်ပို့  ဗိုလ်ချုပ်တွေက ကျိုးစားခဲ့ကာ
ဒေါ်လာတွေ သန်းနဲ့ ချီပြီးရခဲ့တယ်လို့  သတင်းတွေထွက်ပေါ်နေပါတယ်။ တိုင်းပြည်ကို ကွန်မြူနစ်လက်ထဲ
လက်ညိုးထိုးရောင်းစားခဲ့တဲ့ ဗိုလ်ချုပ်တွေကို ထိရောက်စွာအရေးယူဖို့ နဲ့  ဧရာဝတီစီမံကိန်းရပ်တန့် ဖို့  အတွက် နိုင်ငံသားအားလုံးကန့် ကွက်ဖို့ လိုအပ်ပါတယ်။မကန့် ကွက်ခဲ့ရင် မြစ်ကြီးတိမ်ကောပြီး တခြား
မြစ်ငယ်များလည်း ဆိုးကျိုးသက်ရောက်မှုရှိလာနိုင်ပြီး သားငါး တိရိစ္ဆာန်နှင့် တောတောင်ရေမြေ ချောက် 
ခမ်းပြီး အစာရေစာရှားပါတဲ့ နိုင်ငံအဖြစ်ရောက်ရှိလာနိုင်ပါတယ်။အန္တရယ်ဆိုးကြီးကို ကြိုတင်ကာကွယ် ကြပါရန်နှင့် တာဝန်သိနိုင်ငံသားတိုင်း ကန့် ကွက်ကြရန်နှိုးဆော်အပ်ပါသည်။