Monday, September 19, 2011

ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPP)ဖွဲ့
စည်းတည်ထောင်ခြင်း(၁၃)ပြည့် အထိမ်းအမှတ် "မြန်မာ့နိုင်ငံရေးဆွေးနွေးပွဲ"

 ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPP)ဖွဲ့စည်းတည်ထောင်ခြင်း(၁၃)ပြည့် အထိမ်းအမှတ် "မြန်မာ့နိုင်ငံရေးဆွေးနွေးပွဲ"အခမ်းအနားကို အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)
ဂျပန်ဌာနခွဲမှစီစဉ်၍ IKEBUKURO(KENKO PLAZA)၌ ဒီကနေ့ကျင်းပခဲ့ရာ အဖွဲ့စည်းအသီးသီးမှ
ဖိတ်ကြားထားသူများ   မြန်မာဒီမိုကရေစီအရေးစိတ်ဝင်စားသူများ တက်ရောက်ခဲ့ကြပါသည်။ 

ဆွေးနွေးပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲ၏ ဥက္ကဌ ဦးလှဟန်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရပ်တည်မှုအခြေအနေနှင့် တွေ့ဆုံဆွေးနွေးမှုများအနေအထားနှင့် ပက်သက်၍ လည်းကောင်း၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်)၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ
ဦးဇော်မင်းခိုင်မှ ၁၉၉၀ ရွေးကောက်ပွဲရလာဒ်အပေါ်အခြေခံသည့် ပြည်သူ့လွှတ်တော်ပေါ်ပေါက်ရေး
(သို့မဟုတ်)စစ်မှန်သည့် ပြည်သူ့လွှတ်တော်ပေါ်ပေါက်ရေးအပေါ် တိုင်းရင်းသားပြည်သူများ၏ သဘောထားနှင့်ပက်သက်၍လည်ကောင်း၊ မြန်မာဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ
ဦးကျော်ကျော်စိုးမှလည်း ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း ပေါ်ပေါက်လာသည့် ပြည်သူ့လွှတ်တော်
အနေအထားနှင့် အသွင်ပြောင်းအရပ်သားအစိုးရ၏ အခြေအနေနှင့်ပက်သက်၍လည်းကောင်း၊ ဗမာနိုင်
ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ နိုင်ငံခြားရေးရာတာဝန်ခံ,AAPPB၏ ဂျပန်တာဝန်ခံ ဦးဘုန်းမြင့်ထွန်းမှလည်း အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတို့အတွက်
နိုင်ငံရေးအကျဉ်းသားများပြန်လည်လွတ်မြောက်ရေးနှင့် လိုအပ်သည့်အနေအထားများနှင့်ပက်သက်၍
လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပါသည်။