AP
ယခုနှစ်တွင် မြန်မာနိုင်ငံအတွင်း ပထမဆုံး ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ကြာသပတေးနေ့ ၁၅ ရက်စက်တင်ဘာ ၊
၂၀၁၁ ခုနှစ်က ကျင်းပရာအထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည်။ ကုလသမဂ္ဂမှ စက်တင်ဘာ ၁၅ ရက်အား အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အဖြစ် ကျင်းပရန် သတ်မှတ်ခဲ့သည်။

ကျမတို့ နိုင်ငံဟာ အပြောင်းအလဲ ဖြစ်နိုင်တဲ့ အခြေအနေမှာ ရောက်ရှိနေပါပြီ။
“အဲဒီတော့ ဒီအပြောင်းအလဲတွေဟာ ညင်သာရမယ်၊ ငြိမ်းချမ်းရမယ်၊ သိက္ခာရှိရမယ်၊ ပြည်သူကို မထိရဘူး၊ နိုင်ငံကို မထိရဘူး။ ဆင်းသွားတဲ့ အစိုးရကိုလည်း မထိရဘူး၊ တက်သွားတဲ့ အစိုးရကိုလည်း မလိုလားအပ်တဲ့ အခွင့်အရေးတွေ မပေးရဘူး။ အားလုံးဟာ မျှတတဲ့ အခြေခံပေါ်မှာ တည်ရှိရမယ်။ ပြီးတော့ စောစောတုန်းက ဘဘဦးတင်ဦး ပြောသွားသလိုပေါ့၊ မေတ္တာတရားပေါ်မှာ တည်ရှိရမယ်။ ဒါကတော့ ကျမတို့ မြန်မာနိုင်ငံ ဒီမိုကရေစီစနစ်ရဲ့ အထူးလက္ခဏာတခု အနေနဲ့တောင် ကျမ ဖြစ်စေချင်တယ်။”