အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး Mr. Derek Mitchell နှင့် အဖွဲ့သည် စက်တင်ဘာလ (၉)ရက် သောကြာနေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိပြီး အစိုးရတာဝန်ရှိသူများကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံခဲ့သည်။
Mr. Derek Mitchell သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်အဖြစ် သမ္မတ ဘားရက် အိုဘားမားက အဆိုပြုထားသူ တစ်ဦးဖြစ်ပြီး အာရှနှင့်ပစိဖိရေးရာ ဒုတိယလက်ထောက် ကာကွယ်ရေး ဝန်ကြီးလည်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် စီစဉ်ထားသည်။
“သူက လွှတ်တော်ရဲ့ ဥပဒေပြုရေးအဆင့်ဆင့်ကို သိလိုတယ်လို့ မေးပါတယ်။ အဲဒါကို ဒီဘက်က ဥပဒေပြုပုံ အဆင့်ဆင့်ကို ရှင်းပြပါတယ်။နောက် မြန်မာနဲ့ အမေရိကန်ရဲ့ တရင်းတနှီးဆက်ဆံလိုတဲ့ကိစ္စတွေ
ရှိကြတယ်လို့ ပြောဆိုခဲ့ပါတယ်။အမေရိကန်အနေနဲ့  ဒီမိုကရေစီအရ ဥပဒေစိုးမိုးမှုကို အလေးထား ဆွေးနွေးသင့်ပြီး လူ့ အခွင့်အရေးနှင့် သတင်းလွတ်လပ်ခွင့်တွေကို အလေးစားလိုက်နာ ရန်တိုက်တွန်းသင့်ပါတယ်။
မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ထင်သာမြင်သာရှိလာဖို့ ဆိုရင် မြန်မာနိုင်ငံသားများနှင့် နိုင်ငံတကာ လူ့ အခွင့်အရေးအဖွဲ့ တွေက တောင်းဆိုနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်ပေးဖို့ က အထိက ကျပါတယ်။ လူသားချင်းစာနာထောက်ထားသောအားဖြင့် တိုင်းပြည်အတွက် အနစ်နာခံ၍ မိမိတို့ ၏ယုံကြည်ချက်ကြောင့် ဖမ်းဆီးထိမ်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားများလွတ်
မြောက်ရေးကို အမေရီကန်အနေဖြင့် ပထမ ဦးစားပေးကြိုးစားသင့်ပါတယ်။
ထို့ နောက် စစ်မှန်တဲ့ဒီမိုကရေစီ ပေါ်ပေါက်ရေးအတွက် တိုင်ပြည်နှင့်လူမျိုးတို့ အတွက် ဘ၀ကိုတစိုက်မှတ်မှတ်နှစ်မြုပ်ပြီး စေသနာအပြည့်အ၀နှင့်ရိုးသားစိတ်ကိုအခြေခံ၍ ကြိုးစားနေသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ တွေ့ ဆုံဆွေးနွေးရေးလမ်းစဉ်များနှင့် လူထုအခြေပြု လုပ်ငန်းများဖြစ်သည့် နိုင်ငံရေး စီးပွားရေး လူမှုရေး ပညာရေး ကျမ်းမာရေး စသည့် ဒီမိုကရေစီ၏ အခြေခံလှုပ်ရှားမှုများအပေါ် အမေရီကန်အနေဖြင့် လူသားဇစ်မြစ်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လက်တွေ့ ကျကျ ကူညီဆောင်ရွက်ဆောင်သင့်ကြောင်း တိုက်တွန်းအပ်ပါသည်။